ရှေ့သို့
Image

ရှက်ဖီးလ်နဲ့ ချဲလ်ဆီးပွဲကို ကြည့်ရင်း အိပ်ပျော်သွားခဲ့တဲ့ ကူကူရယ်လာ

2:09 PM, 18 December

ချဲလ်ဆီးစတား ကူကူရယ်လာတစ်ယောက် စနေနေ့ မနက်ခင်းတုန်းက ခြေကျင်းဝတ်ဒဏ်ရာ ခွဲစိတ်မှုခံယူခဲ့ရပေမယ့် ချဲလ်ဆီးက ရှက်ဖီးလ်ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ပွဲကို ကြိုးစားကြည့်ရှုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က အဲဗာတန်နဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့တဲ့ စပိန်သားဟာ ခွဲစိတ်မှုခံယူခဲ့ရပြီး ချဲလ်ဆီးပွဲကို ကြည့်ရှုခဲ့တာဖြစ်ပါတယ်။ ခွဲစိတ်မှုခံယူတဲ့ပို့စ်မှာ ဂီတာဖေးစတားဟောင်းက ချဲလ်ဆီးပွဲကိုစောင့်ကြည့်တဲ့ပုံတင်ခဲ့ပေမယ့် အိပ်မောကျနေခဲ့တာဖြစ်ပါတယ်။

အဆိုပါပုံကို သူ့ရဲ့မိန်းမဖြစ်သူ ရိုဒရီဂွက်ဇ်က တင်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးစတားပွဲကြည့်နေရင်း အိပ်မောကျနေတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ အဲ့နောက် စပိန်သားက ပရိသတ်တွေကို အသန်မာဆုံးပြန်လာမယ်လို့ လူမှုမီဒီယာကနေ အသိပေးခဲ့ပါတယ်။

ကူကူရယ်လာခွဲစိတ်မှုခံယူတဲ့ပို့စ်အောက်မှာ ပရိသတ်တွေအပြင် အသင်းဖော်တွေ နဲ့ အသင်းဖော်ဟောင်းတွေကပါ အားပေးစကားဆိုခဲ့ကြပါတယ်။ ခွဲစိတ်မှုကြောင့် ကူကူရယ်လာဟာ ဖေဖော်ဝါရီမတိုင်ခင်အထိ နားရဖွယ်ရှိနေပြီး ချဲလ်ဆီးအသင်းမှာ ဘန်ချီဝဲလ် ၊ ရိစ်ဂျိမ်းစ်တို့လည်း ဒဏ်ရာရရှိနေကြတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ လာမယ့်ဆောင်းဈေးကွက်မှာ ကူကူရယ်လာကို ရောင်းချဖွယ်ရှိနေတယ်လို့ သတင်းကြီးနေပေမယ့် အခုဒဏ်ရာ အခြေအနေကြောင့် ရောင်းချနိုင်ဖွယ်မရှိတာဖြစ်ပါတယ်။

#ချဲလ်ဆီး #ရှက်ဖီးလ်ယူနိုက်တက် #ကူကူရယ်လာ #ပရီးမီးယားလိဂ်