ရှေ့သို့
Image

ဝေဖန်မှုတွေ ပြုလုပ်နေတဲ့ ဗန်ဒိုက်ကို မင်းလိဂ်ဖလားပျောက်ဖူးတာ မမေ့နဲ့ဆိုပြီး သတိပေးသွားတဲ့ ရွိုင်ကိန်း

12:40 PM, 18 December

ယူနိုက်တက်ဂန္တဝင် ရွိုင်ကိန်းက လီဗာပူးနောက်ခံလူ ဗန်ဒိုက်ဟာ မာနကြီးပြီး လေးစားမှုမရှိတဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်း ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အန်ဖီးလ်မှာ ခုနှစ်ဂိုးပြတ်နိုင်ခဲ့သလို မနေ့ညကလည်း ကန်ချက်၃၄ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့် အနိုင်ဂိုးကိုတော့ ရှာဖွေနိုင်ခြင်း မရှိခဲ့ပါဘူး။ ပွဲအပြီးမှာ ဗန်ဒိုက်က လီဗာပူးအသင်းကသာ တိုက်စစ်ဆင်ပြီး ဂိုးရအောင် ကစားနေရတဲ့ ပွဲစဉ်တစ်ပွဲလို့ဆိုကာ ယူနိုက်တက်ရဲ့ကစားပုံကို ဝေဖန်သွားခဲ့ပါတယ်။

ဗန်ဒိုက်က "ကျွန်တော်တို့ကသာ တစ်ပွဲလုံးလိုလို ဘောလုံးကိုင်ပြီး ပွဲကို အနိုင်ရဖို့ ကြိုးစားခဲ့ပေမယ့် မဖြစ်လာနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ အဘက်ဘက်က​နေ သာလွန်ခဲ့ပါတယ်။ ပြိုင်ဘက်က သရေတစ်မှတ်အတွက်ပဲ ကစားနေတာကြောင့် ကျွန်တော်တို့ စိတ်ပျက်ရပါတယ်"လို့ ပြောခဲ့ပါတယ်။

အဆိုပါ မှတ်ချက်အပေါ် ရွိုင်ကိန်းက "ဗန်ဒိုက်က ဒီလိုတွေပြောနေတာ တော်တော် လေးစားမှုမရှိဘဲ မောက်မာတတ်တယ်ဆိုတာ ပြသနေပါတယ်။ သူ မောက်မာတာက ကိုယ့်ရှူးကိုယ်ပတ်သွားတယ်လို့ ထင်ပါတယ်။ သူက တစ်သင်းပဲ ကစားနေတယ်လို့ ပြောတယ်။ ယူနိုက်တက်က ခံစစ်ကစားနေရတာပါ။ တစ်ခါတစ်လ ကစားသမားတွေကို သတိပေးဖို့ လိုအပ်ပါတယ်။ သူက လုံး၀ မာနကြီးနေတာပါ။ သူ နိုင်ပွဲရဖို့ ကြိုးစားရဦးမှာပါ။ အသင်းကြီးတွေက ဒီလိုပဲ လုပ်ပါတယ်။ လီဗာပူးက နှစ်၃၀မှာ လိဂ်ဖလားတစ်ကြိမ်ပဲ ရဖူးတယ်လေ။ ကျွန်တော်တို့ လီဗာပူးအသင်း ရုန်းကန်နေရချိန်အများကြီးနဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။ ဘောလုံးပွဲတစ်ပွဲကိုနိုင်ဖို့အတွက် မတူညီတဲ့နည်းလမ်းတွေကို ရှာဖွေရပါမယ်။ ယူနိုက်တက်က ဖိအားအောက်မှာ ကစားနေရပြီး အခွင့်အရေး တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ ရခဲ့ပါတယ်။ သူတို့ ခံစစ်ထိုင်ကစားပြီး အားအင်အပြည့်နဲ့ ရင်ဆိုင်ခဲ့ပါတယ်။ အရေးကြီးတာက ပွဲရလဒ်လေ။ လီဗာပူးက အခွင့်အရေးတွေရခဲ့တာကို အသုံးမချနိုင်ခဲ့ပါဘူး။ အဲ့ဒါက သူတို့အမှားပါ။ ယူနိုက်တက်ရဲ့ ကစားပုံ၊ ဒဏ်ရာပြဿနာတွေနဲ့ ဘာမှမဆိုင်ပါဘူး။ သူပြောနေတာတွေက အဓိပ္ပါယ်မရှိဘူးလို့ ထင်ပါတယ်"လို့ ဝေဖန်သွားခဲ့ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ဗန်ဒိုက် #ရွိုင်ကိန်း #ပရီးမီးယားလိဂ်