ရှေ့သို့
Image

မင်းကြောင့် ငါတို့တွေ နာရီဝက်ပဲကစားလိုက်ရတယ်ဆိုပြီး ပွဲအပြီးမှာ အိုနာနာကို ဝေဖန်ခဲ့တဲ့ ဗန်ဒိုက်

11:36 AM, 18 December

ဗာဂျီဗန်ဒိုက်ဟာ ယူနိုက်တက်နဲ့ သရေပွဲစဉ်အပြီး ဂိုးသမား အန်ဒရေအိုနာနာကို ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အန်ဖီးလ်မှာ ခုနှစ်ဂိုးပြတ်နိုင်ခဲ့သလို မနေ့ညကလည်း ကန်ချက်၃၄ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့် အနိုင်ဂိုးကိုတော့ ရှာဖွေနိုင်ခြင်း မရှိခဲ့ပါဘူး။

အိုနာနာဟာ အန်ဖီးလ်မှာ ကစားရတဲ့ပွဲစဉ်အတွင်း ဂိုးလွန်ဘောတွေကို ကန်တင်ရာမှာ အချိန်ဆွဲခဲ့တယ်ဆိုပြီး ဝေဖန်ခံနေရပါတယ်။ ဗန်ဒိုက်ကလည်း အဆိုပါအချက်ကို သဘောတူခဲ့ပြီး ပွဲအပြီး ဥမင်ထဲမှာ အိုနာနာကို ချဉ်းကပ်ကာ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

သတင်းထောက်တွေရဲ့အဆိုအရ ဗန်ဒိုက်က အိုနာနာကို "မင်းကြောင့် ငါ့တို့ နာရီဝက်ပဲ ကစားလိုက်ရတယ်ကွ"ဆိုပြီး ဝေဖန်သွားခဲ့ပါတယ်။ အိုနာနာကတော့ ဗန်ဒိုက်ရဲ့ ဒေါသတကြီး ဝေဖန်မှုအပေါ် အပြုံးနဲ့သာ တုံ့ပြန်ခဲ့တယ်လို့ အဆိုပါသတင်းထဲ ဖော်ပြထားပါတယ်။

ပွဲအပြီးအင်တာဗျူးမှာလည်း ဗန်ဒိုက်က ယူနိုက်တက်ဟာ သရေတစ်မှတ်ယူဖို့ပဲ လာကစားတာဆိုပြီး ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါသေးတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ဗန်ဒိုက် #အိုနာနာ #ပရီးမီးယားလိဂ်