ရှေ့သို့
Image

လီဗာပူးနဲ့ပွဲကို မက်ဂွါရီနဲ့ မာရှယ်တို့ လွဲချော်မယ်လို့ တန်ဟက် အတည်ပြု

2:23 PM, 16 December

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ အဲရစ် တန်ဟက်က မနက်ဖြန်ညမှာ ကစားသွားမယ့် လီဗာပူးနဲ့ပွဲစဉ်ကို အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ နောက်ခံလူ ဟယ်ရီမက်ဂွါရီနဲ့ တိုက်စစ်မှူး အန်တိုနီမာရှယ်တို့ လွဲချော်မယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ရှိမှာ ဒဏ်ရာရ ကစားသမားတွေအလွန်ကို များပြားလျက် ရှိနေရပြီး ကစားသမားတွေရဲ့ အသင်းအတွက် စွမ်းဆောင်မှုတွေကလည်း မေးခွန်းထုတ်စရာ ကောင်းလောက်အောင်ကို ညံဖျင်းလွန်းလျက် ရှိနေရပါတယ်။

လက်ရှိမှာ အသင်းရဲ့ ရလဒ်ပိုင်းတွေကလည်း အကျဘက်ကို ရောက်ရှိနေချိန် အန်ဖီးလ်မှာပါ လီဗာပူးအသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေလို့ ယူနိုက်တက်အတွက် ခေါင်းခဲစေနိုင်ပါတယ်။ ပိုဆိုးတာက အသင်းမှာ ခြေပြန်မှန်နေတဲ့ မက်ဂွါရီပါ ဒီပွဲကို လွဲချော်ရမှာက ယူနိုက်တက်အတွက် ထိုးနှက်ချက်ကြီး ဖြစ်သွားစေနိုင်ပါတယ်။

အသင်းခေါင်းဆောင်ဟောင်း မက်ဂွါရီဟာ နွေရာသီအတွင်း ယူနိုက်တက်ကနေ ရောင်းချခံရဖို့တောင် နီးစပ်ခဲ့ပေမယ့်လည်း အကြောင်းကြောင်းတွေကြောင့် အသင်းမှာ ဆက်နေရရင်းနဲ့ နောက်ဆုံးမှာ ပွဲကစားခွင့်တွေ ရရှိလာခဲ့ပြီး ခြေစွမ်းတွေပါ ပြန်လည် ပြသလာနိုင်ခဲ့ပါတယ်။ လက်စတာမှာတုန်းကလို ခြေစွမ်းမျိုးတွေ ပြသလို့နေတဲ့ မက်ဂွါရီက နိုဝင်ဘာထဲမှာတောင် တစ်လတာ အကောင်းဆုံးဆု (၂)ဆုထိ သိမ်းပိုက်နိုင်ခဲ့ပေမယ့်လည်း ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှာပဲ ဒဏ်ရာ ရရှိသွားခဲ့လို့ ပွဲကို ဆက်မကစားနိုင်တော့ပဲ လူစားပါ လဲခဲ့ရပါတယ်။

အခုလည်း အင်္ဂလန်သားက ဒဏ်ရာပြသာနာကနေ မသက်သာသေးလို့ လီဗာပူးနဲ့ ပွဲစဉ်ကို လွဲချော်ရဦးမှာဖြစ်ပြီး ဘိုင်ယန်နဲ့ပွဲကို လွဲချော်ထားတဲ့ မာရှယ်လည်း ဒီပွဲကို ဆက်လက် လွဲချော်ဦးမယ်လို့ တန်ဟက်က အတည်ပြုထားပါတယ်။ ဒါပေမယ့် ရက်ရှ်ဖို့ဒ်နဲ့ လုခ်ရှောတို့တော့ ကစားနိုင်လိမ့်မယ်လို့ တန်ဟက်က အသိပေးသွားခဲ့ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #မက်ဂွါရီ #မာရှယ် #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ်