ရှေ့သို့
Image

အိမ်ပြန်ချင်နေကြပြီဖြစ်တဲ့ ဆော်ဒီရောက် ဘောလုံးကြယ်ပွင့်ကစားသမားများ

9:49 AM, 16 December

ဆော်ဒီဟာ ကမ္ဘာ့အရည်အချင်းရှိဆုံးကစားသမားတွေထဲက အချို့ကို ခေါ်ယူခဲ့သော်လည်း ငွေကြေးကြီးကြီးမားမားဖြင့် ပြောင်းလာခဲ့တဲ့ သူတွေအားလုံးဟာ နောင်တရနေကြပြီဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။

အရှေ့အလယ်ပိုင်းနိုင်ငံဟာ နွေရာသီဈေးကွက်မှာ ပြောစမှတ်တွင်အောင် နာမည်ကြီးကစားသမားတွေကို ငွေကြေးများစွာအသုံးပြုပြီး ဆော်ဒီပရိုလိဂ်ကလပ်တွေအတွက် ခေါ်ယူခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ မက်ဆီကိုခေါ်ယူဖို့ စာရင်းထဲထည့်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားသားရဲ့ ပြိုင်ဘက် ရော်နယ်ဒိုရှိရာသို့ ခေါ်ယူနိုင်ရန်အငှားဖြင့် ကမ်းလှမ်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ကစားသမားနှင့် နည်းပြအများစုဟာ အိမ်ပြန်ချင်တယ်လို့ သတင်းတွေထွက်ပြီးနောက် မက်ဆီကလည်း နှစ်ကြိမ်နှစ်ခါလောက် စဉ်းစားနေမှာဖြစ်ပါတယ်။ စတားကစားသမားတော်တော်များများဟာ သူ့တို့ရဲ့ဆုံးဖြတ်ချက်အပေါ် နောင်တရခဲ့ကြပြီးနောက် ဆော်ဒီဟာ ရှက်စရာအခြေအနေတစ်ခုနဲ့ ရင်ဆိုင်နေရတယ်လို့ အောက်တိုဘာလမှာ The Sun က ဖော်ပြခဲ့ပါတယ်။ တော်တော်များများရဲ့ စာချုပ်က ၂ နှစ်သက်တမ်းရှိနေပြီး အဲ့ဒီမှာနေရာတဲ့ မိနစ်တိုင်းကို မုန်းတီနေတဲ့ သူတွေအတွက် သူတို့တွေရဲ့ ကြီးမားတဲ့စာချုပ်တွေက အတားအဆီးဖြစ်နေတာဖြစ်ပါတယ်။

နောက်ထပ်အနေနဲ့ ပွဲကြည့်မှုနှုန်းကလည်း အခြားနိုင်ငံကလိဂ်များနှင့်ယှဉ်ပါက နိမ့်ပါးနေတာလည်းဖြစ်ပါတယ်။ ပရိသတ် ၂၉၀၀၀ ဝင်ရောက်ကြည့်ရှုခဲ့ပြီးနောက် ဖာဘင်ဟိုရဲ့ အယ်လ်အီတီဟက်ဟာ အကြီးမားဆုံးဖြစ်နေပြီး ၁၈ သင်းရှိတဲ့ လိဂ်မှာ ကလပ် ၁၁ ခုရဲ့ ပွဲစဉ်တွေမှာ ပျမ်းမျှပရိသတ်ကြည့်ရှုနှုန်းက ၅၀၀၀ လောက်သာ ဖြစ်ပါတယ်။

ဒီလစောပိုင်းမှာ ဆော်ဒီပရိုလိဂ်ပွဲကြည့်မှုနှုန်းကဆိုးရွားခဲ့ပြီး အယ်လ်ဝီဟ်ဒါနှင့် အယ်လ်အိုခေခ်ဒိုတို့ပွဲရဲ့ ပွဲပရိသတ်က စံချိန်တင်နည်းပါးခဲ့ပါတယ်။ ပရိသတ် ၆၂၀၀၀ လောက်ဝင်ဆံတဲ့ ကင်းအက်ဒူလာဇစ် စပေါ့စီးတီးကွင်းကြီးမှာ ပရိသတ်က ၅၇၅ ဦးသာ ရှိခဲ့တယ်လို့ သိရှိရပါတယ်။

အင်္ဂလန်ရှိ အဌမတန်းလိဂ်က ချေ့စ်တောင်းရဲ့ ဝစ်တန်အယ်လ်ဘီယွန်ကို ၃-၂ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကို ကြည့်ရှုတဲ့ပရိသတ်ဦးရေက ၁၈၄၂ ဦးအထိ ရှိခဲ့ပါတယ်။ အချက်အလက်တွေရ ပြီးခဲ့တဲ့ရက်သတ္တပတ်မှာကစားခဲ့တဲ့ သတ္တမတန်းလိဂ်ကပွဲစဉ်အားလုံးမှာ ကြည့်ရှုသူ ပရိသတ်ဦးရေက ၁၀၀၀ အထက်မှာရှိပါတယ်။ ဆော်ဒီပရိုလိဂ်က အချိုသောပွဲစဉ်တွေမှာ ကြည့်ရှုသူ ပရိသတ်နည်းပါးနေသော်လည်း အနာဂတ်မှာ ဆော်ဒီပရိုလိဂ်က ထိပ်တန်းလိဂ် ၅ ခုမှာ စာရင်းဝင်နိုင်တယ်လို့ ရော်နယ်ဒိုက ယုံကြည်နေပါတယ်။

"ကျွန်တော်တို့က ပိုကောင်းလာသလို ဆော်ဒီပရိုလိဂ်ကလည်း ပိုကောင်းလာပါတယ်။ လာမယ့်နှစ်တွေမှာ ပိုပြီးတော့ ကောင်းလာမှာပါ" "တဆင့်ပြီးတဆင့်ဆိုရင် ဒီလိဂ်က ကမ္ဘာ့ထိပ်တန်း လိဂ် ၅ ခုမှာ ပါဝင်လာနိုင်ပါတယ်။ ဒါပေမဲ့ အချိန်လိုအပ်သလို ကစားသမားတွေနဲ့ အခြေခံတည်ဆောက်မှုတွေလိုအပ်ပါတယ်" "ဒီနိုင်ငံက အံ့ဩဖို့ကောင်းတဲ့ အလားအလာတွေ၊ ပရိသတ်တွေရှိပြီး ကျွန်တော့်အမြင်အရတော့ လိဂ်က တိုးတက်လာမှာဖြစ်ပါတယ်" လို့ သူက ပြောခဲ့ပါတယ်။

#ဆော်ဒီ