ရှေ့သို့
Image

ဇန်နဝါရီမှာ ကစားသမားသစ်ဖြည့်တင်းပေးခြင်းအားဖြင့် တန်ဟက်ကို ထောက်ပံ့ပေးဖို့ ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ အီဗန်

9:43 AM, 16 December

ဗုဒ္ဓဟူးနေ့က ဘိုင်ယန်မြူးနစ်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်အုပ်စုမှာ အောက်ဆုံးမှာ ရှိခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်နှင့်ပါ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

စနေ့နေ့ကဘုန်းမောက်ကို အိမ်ကွင်းတွင် ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တာက တန်ဟက်အတွက် ဖိအားတွေ တိုးစေခဲ့တာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ ယူနိုက်တက်ဟာ လီဗာပူးနှင့် ရင်ဆိုင်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ၇-၀ ဂိုးဖြင့် အရှုံးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ဆာဂျင်ရိုက်ကလစ်ရဲ့ အသင်းသို့ရောက်လာမှုကလည်း တန်ဟက်ရဲ့အနာဂတ်အပေါ် မသေချာမှုတွေ ရှိလာတာဖြစ်ပြီး ချဲလ်ဆီးနည်းပြဟောင်းဖြစ်တဲ့ ပေါ်တာက နယ်သာလန်နိုင်ငံသားနည်းပြရဲ့ နေရာကို အစားထိုးဝင်ရောက်ဖို့ရှိနေပါတယ်လို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။ ဒီနွေရာသီမှာ ယူနိုက်တက်သို့ ပြန်လာခဲ့တဲ့ အီဗန်က နည်းပြကို အပြည့်အဝထောက်ခံထားပြီး လာမယ့်လ ဈေးကွက်ဖွင့်လှစ်ချိန်မှာ အသင်းသို့ ကစားသမားအင်အားဖြည့်တင်းဖို့ အခွင့်အရေးရှိနေတယ်လို့ ယုံကြည်နေပါတယ်။

"တန်ဟက်က တကယ့်နည်းပြကောင်းတစ်ဦးပါ သူ့အပေါ် သံသယမရှိပါဘူး။ ဇန်နဝါရီမှာ ဈေးကွက်ဖွင့်မှာဖြစ်ပြီး အသင်းအတွက် တိုးတက်ဖို့အခွင့်ရေးလည်းဖြစ်ပါတယ်။ ဥရောပမှာ မကစားရတာက သူ့အတွက် အချိန်ပိုတွေ ရရှိစေမှာပါ" 'ကျွန်တော်တို့က ခက်ခဲတဲ့အချိန်ကာလကို ဖြတ်ကျော်နေရသော်လည်း ဒဏ်ရာကစားသမားတွေ ပြန်ကောင်းလာကာ တည်ငြိမ်မှုပိုမိုရရှိလာကာ ဒါဟာ တန်ဟက်အတွက် ကောင်းလိမ့်မယ်လို့ မျှော်လင့်မိပါတယ်"လို့ နော်ဝေက TV4 သို့ အီဗန်က ပြောခဲ့ပါတယ်။

ဇန်နဝါရီမှာ ယူနိုက်တက်ဟာ စတုဂတ်တိုက်စစ်မှုး ဂူယီရက်ဆီကိုခေါ်ယူချင်နေတာဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ၁၈ ဂိုးအထိ သွင်းယူထားတာဖြစ်ပါတယ်။ မဝယ်ယူခင်မှာ ယူနိုက်တက်အနေနဲ့ ရောင်းချမှုများ လုပ်မှာဖြစ်ပြီး ကစားသမား ၆ ဦးအထိ ရောင်းချဖို့ရှိနေတာလည်းဖြစ်ပါတယ်။

လာမယ့်လမှာ နည်းပြနှင့် ပြဿနာဖြစ်ပြီးနောက် အသင်းရဲ့လူစာရင်းကနေ ထုတ်ပယ်ခြင်းခံထားရတဲ့ ဆန်ချိုက အသင်းကနေ ထွက်မယ်လို့ မျှော်လင့်ရပါတယ်။ ဗန်ဒီဘိခ်ရဲ့ ယူနိုက်တက်ရှိ အချိန်တွေကိုလည်း ကုန်ဆုံးဖို့ နီးကပ်လာပြီလို့ မြင်နေရပါတယ်။

ယူနိုက်တက်ဟာ မာရှယ်အတွက် ကမ်းလှမ်းမှုတွေကို စောင့်နေသလို ဗာရာနီနှင့် ကက်စ်မဲရိုးတို့ အတွဲကိုလည်း ရောင်းချနိုင်ဖို့ မျှော်လင့်နေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂျွန်နီ အီဗန်စ် #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ်