ရှေ့သို့
Image

ယူနိုက်တက်ကစားသမားတွေ အနေနဲ့ လီဗာပူးကို ၂-၀ နဲ့ ရှုံးရင် သက်သာရာရလိမ့်မယ်လို့ ပြောကြားလိုက်တဲ့ မိုက်ကယ်အိုဝင်

9:47 AM, 15 December

တန်ဟက်ရဲ့ ယုံကြည်ပျောက်ဆုံးနေတဲ့ အသင်းဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးကို ၇-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး နယ်သာလန်သားရဲ့လက်အောက်တွင် အသင်းရဲ့ အနိမ့်ဆုံးအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ဘုန်းမောက်ကို အိမ်ကွင်းမှာ ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို ဘိုင်ယန်မြူးနစ်ကို ထပ်မံရှုံးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်ဟာ ဥရောပပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ ဆိုးရွာမှုတွေပေါင်းစည်းထားသလိုဖြစ်နေတဲ့ တန်ဟက်အတွက် ဒဏ်ရာရ ကစားသမားတွေလည်း များပြားနေကာ မက်ဂွါရီနှင့် လုခ်ရှောတို့ရဲ့ ဒဏ်ရာတွေကလည်း သက်သာလာမယ့် အရိပ်အယောင်မျိုး မတွေ့ရနေတာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ဟာ ဘုန်းမောက်နှင့်ပွဲမှာ ပဉ္စမမြောက် အဝါကဒ်ကို ပြသခြင်းခံခဲ့ရတဲ့အတွက် လီဗာပူးနဲ့ပွဲကို ပါဝင်နိုင်မှာမဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ လီဗာပူးဟာ ခြေစွမ်းပြသနေပြီး ပရီးမီးယားလိဂ်နှင့် ဥရောပပြိုင်ပွဲမှာ ထိပ်တန်းမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ကလော့ပ်ဟာ ယူနီယံစိန်ဂီလွိုက်စ်နှင့်ပွဲမှာ အဓိက ကစားသမား ၄ ဦး ကိုအနားထားမှာဖြစ်တာကြောင့် တနင်္ဂနွေနေ့က ရလဒ်ဟာ လီဗာပူးအတွက် ကောင်းလာမယ်လို့ အိုဝင်က ယုံကြည်နေပါတယ်။

"ယူနိုက်တက်အနေနဲ့ သူတို့ရဲ့ လတ်တလောပုံစံကို စဉ်းစားပြီး အန်ဖီးလ်ကိုသွားဖို့ နည်းနည်း စိတ်ရှုပ်သွားမှာပါလို့ ပြောချင်ပါတယ်" "အန်ဖီးလ်ကွင်းဟာ တကယ်ကို အနိုင်ယူနိုင်တဲ့ အားကစားကွင်းတစ်ခုဖြစ်နိုင်ပြီး ယူနိုက်တက်ဟာ အရင်တုန်းကလည်း အလားတူခံစားခဲ့ရတာဖြစ်ပါတယ်။ ပွဲတစ်ခုလုံးအတွက် ကြောက်ရွံ့ပြီး ခုခံနေမယ့်အစား တော့တင်ဟမ်က မန်စီးတီးကို ဘယ်လိုကစားခဲ့လဲဆိုတာကို ကြည့်သင့်ပါတယ်" "သူတို့မှာ တကယ့်အစီအစဥ်တစ်ခုရှိပြီး ကြောက်ရွံ့ခြင်းမရှိဘဲ အီသီဟက်ကို ရောက်ခဲ့တာပါ။ သူတို့က ၆-၁ ဂိုးနဲ့ ရှုံးနိုင်ပေမယ့် အဲဒါက တိုးတက်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပါပဲ" "အသေးစိတ်ပုံစံတစ်ခုရပြီဆိုရင် အဲဒီကနေစပြီး ပြင်ဆင်လို့ရပါတယ်"

"ယူနိုက်တက်အတွက် ကျွန်တော်စိုးရိမ်တာက သူတို့အနေနဲ့ အန်ဖီးလ်မှာ ၅-၀ ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်တာထက် ၂-၀ နဲ့ ရှုံးရင် ကစားသမားအချို့အတွက် စိတ်သက်သာရာ ရစေမှာပါ။ ကျွန်တော်သာ ယူနိုက်တက်ဆိုရင် ကိုယ့်ကစားနေတဲ့နည်းကို ရွေးပြီး အဲ့ဒါကိုစွဲကိုင်ကာ ပိုကောင်းလာဖို့မျှော်လင့်မှာပါ" "ကျွန်တော်က လီဗာပူး ၂-၀ နဲ့ နိုင်မယ်လို့ ပြောချင်ပါတယ်။ သက်တောင့်သက်သာရှိတဲ့ နိုင်ပွဲဖြစ်မှာပါ။ လောလောဆယ်မှာတော့ ဒီအသင်းနှစ်သင်း ဘယ်လိုကစားနေလဲ ကြည့်လိုက်ကြပါဦး" လို့ အိုဝင်က Boylesports သို့ ပြောကြားခဲ့ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #အဲရစ်တန်ဟက် #မိုက်ကယ်အိုဝင် #ပရီးမီးယားလိဂ်