ရှေ့သို့
Image

ချဲလ်ဆီးတိုက်စစ်မှုးဟောင်း လူကာကူ ဆော်ဒီသို့ သွားဖို့ ခေါင်းညိမ့်လိုက်ပြီဟုဆို

11:32 AM, 14 December

အငှားကစားနေတဲ့ ရိုးမားတွင် ဆက်နေဖို့ထက် လူကာကူဟာ ဆော်ဒီဘက်က များပြားတဲ့ ငွေကြေးဖြင့် ကမ်းလှမ်းလာမှုကို လက်ခံလိုက်ပြီဖြစ်ပါတယ်လို့ သိရှိရပါတယ်။ စတန်းဖို့ဒ်ဘရစ်ချ်တွင် နေရာမရဖြစ်ခဲ့ပြီးနောက် လူကာကူဟာ လက်ရှိတွင် ရိုးမားမှာ အငှားလာရောက် ကစားနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက အင်တာမီလန်တွင် ကစားခဲ့ပြီးနောက် အသက် ၃၀ အရွယ် ကစားသမားဟာ လက်ရှိရာသီမှာ မော်ရင်ဟိုရဲ့အသင်းအတွက် ၁၈ ပွဲကစား ၁၁ ဂိုးသွင်းယူပေးထားပါတယ်။ လာမယ့်ရာသီမှာ အီတလီမြို့တော်မှာ ဆက်နေဖို့ထက် ဆော်ဒီဘက်က မက်မောဖွယ် ကမ်းလှမ်းမှုကို ဘယ်လ်ဂျီယံနိုင်ငံသားက လက်ခံလိုက်ပြီဖြစ်တယ်လို့ ဂျာနယ်လစ် ဖေဘီယိုဆန်တီနီက ပြောထားပါတယ်။

"လူကာကူလား ဂျူဗင်တပ်စ်မှာ ပြန်လည်ကစားဖို့အတွက် ခက်ခဲခဲ့တာကြောင့် ဆော်ဒီဘက်က မက်မောဖွယ်ကမ်းလှမ်းမှုကို သူက လက်ခံခဲ့ပြီးပြီဖြစ်ပါတယ်။ ရိုးမားပရိသတ်တွေကို ပြောချင်တာကတော့ ဒီနှစ်ကုန်မှာ သေချာတဲ့ အရာတစ်ခုဖြစ်လာမှာဖြစ်ပြီး လူကာကူက အသင်းကနေ ထွက်ခွာပါလိမ့်မယ်" လို့ သူက TvPlay သို့ ပြောပါတယ်။

၂၀၂၁ ခုနှစ်တွင် ချဲလ်ဆီးသို့ ပေါင် ၉၇.၅ သန်းဖြင့် ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ပွဲထွက်မရရှိခဲ့ခြင်းများရှိခဲ့ပြီးနောက် လူကာကူရဲ့ကစားသမားဘဝဟာ အကျဘက်သို့ ရောက်သွားခဲ့တာဖြစ်ပါတယ်။ တိုက်စစ်မှုးဟာ ပြီးခဲ့တဲ့ရာသီက အင်တာမှာ အငှားကစားနေစဉ်အတွင်း ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ အီတလီကလပ်ရဲ့ ပြန်လည် လက်မှတ်ထိုးခေါ်ယူနိုင်မှုကို ငြင်းပယ်ခဲ့တာကြောင့် ဒေါသထွက်ခြင်းခံခဲ့ရကာ ရိုးမားမှာတော့ ခြေစွမ်းပြနိုင်ဖို့ ကြိုးစားနေပါတယ်။

ဆော်ဒီသို့ ပြောင်းရွေ့လိုက်မယ်ဆိုရင် သေချာတာက သူ့ရဲ့ကစားသမားဘဝ နောက်ဆုံးအချိန်သို့ ရောက်သွားမှာဖြစ်ပြီး လိဂ်ရဲ့အရည်အသွေးကလည်း နှိုင်းယှဉ်မယ်ဆိုရင် တော်တော်လေး နိမ့်ပါးနေတာဖြစ်ပါတယ်။ ကြာသပတေးနေ့ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ရှရစ်နဲ့ပွဲမှာ ဘယ်လ်ဂျီယံသားက ပါဝင်ဖွယ်ရှိနေပါတယ်။

ဖီအိုရင်တီးနားနှင့်ပွဲမှာ တိုက်ရိုက်အနီကဒ်ပြသခြင်းခံခဲ့ရတာကြောင့် ရိုးမားရဲ့ နောက်ထပ်စီးရီးအေ ပွဲစဉ်ဖြစ်တဲ့ ဘိုလော့ဂ်နာနှင့် ပွဲကို ပါဝင်နိုင်မှာမဟုတ်ပါဘူး။

#လူကာကူ #ချဲလ်ဆီး #အပြောင်းအရွှေ့