ရှေ့သို့
Image

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဘယ်အသင်းကို ကြောက်ရွံ့နေမှာမဟုတ်ဘူးလို့ အန်ကီတီယာ ပြောကြား

9:24 AM, 14 December

အာဆင်နယ်တိုက်စစ်မှူး အန်ကီတီယာက မိမိတို့အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ ဘယ်အသင်းကိုမှ ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ပြောကြားလိုက်သလို ဒီရာသီ မိမိတို့အသင်းက ဥရောပပြိုင်ပွဲမှာ ပါဝင်နိုင်တဲ့ အရည်အချင်းရှိတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ပီအက်စ်ဗွီကို ၁-၁ သရေကျခဲ့ပေမယ့် ၁၆ သင်း အဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီရာသီ အာဆင်နယ်အသင်းရဲ့ကစားသမား ၁၁ ဦးသာ ချန်ပီယံလိဂ်ကစားဖူးထားပေမယ့် ချန်ပီယံလိဂ်ရရှိနိုင်ဖို့ အလေးပေးမှုက စတုတ္ထနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

အောက်တိုဘာလတုန်းက အာတီတာရဲ့အသင်းဟာ လန်းစ်အသင်းကို အရေးနိမ့်ခဲ့ပေမယ့် အုပ်စုကို ကျော်ဖြတ်နိုင်ခဲ့ကာ ၆ ပွဲအတွင်း ၁၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

“ကျွန်တော်တို့ လာမယ့်ပွဲတွေအတွက် အဆင်သင့်ဖြစ်နေပါပြီ။ ဒီပြိုင်ပွဲမှာ ကစားရတာက ခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ တွေ့ဆုံရလေ့ရှိပါတယ်။ အသင်းတိုင်းက ကောင်းမွန်သလို သူတို့နဲ့ ထိုက်တန်လို့ ဒီနေရာကို ရောက်လာခဲ့တာပါ။ အနိုင်ရဖို့အိပ်မက်မရှိဘူးဆိုရင် ဒီပြိုင်ပွဲမှာ ဆက်မကစားသင့်ပါဘူး။ ကျွန်တော်တို့မှာ အနိုင်ရနိုင်တဲ့အရည်အချင်းရှိပါတယ်။ နေ့တိုင်း ကျွန်တောာ်တို့ ဒီပြိုင်ပွဲအတွက် တွန်းအားပေးလုပ်ဆောင်နေတာပါ။ အဲ့တာက ကျွန်တော်တို့ပစ်မှတ်ပါ။ အာဆင်နယ်အသင်းရဲ့ပစ်မှတ်လည်းဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဒီအရာကို လိုချင်နေတာကြောင့် နေ့တိုင်း ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်။ ကျွန်တော့်အိပ်မက်ကလည်း အားလုံးအောင်မြင်မှုရယူနိုင်ဖို့ပါ။ ချန်ပီယံလိဂ်မှာ ကစားရတာ ကောင်းပါတယ်။ ကျွန်တော်တို့ နေ့တိုင်း အလုပ်ကြိုးစားနေကြသလို အိပ်မက်တွေအကောင်အထည်ဖော်နိုင်ဖို့ လုပ်ဆောင်သွားမှာပါ”လို့ အန်ကီတီယာက ပြောကြားခဲ့ပါတယ်။

အန်ကီတီယာဟာ ပြီးခဲ့တဲ့ညတုန်းက ၈ နေရာအပြောင်းအလဲမှာ ပါဝင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ပထမဆုံးချန်ပီယံလိဂ်ကို ပထမပိုင်းမပြီးခင်မှာ သွင်းယူနိုင်ခဲ့ပါတယ်။

“ကလေးတိုင်းက ချန်ပီယံလိဂ်မှာ ဂိုးသွင်းနိုင်ဖို့ အိပ်မက်ရှိကြပါတယ်။ အဲ့တာက ကောင်းမွန်တဲ့ အဆုံးသတ်ပါ။ ကောင်းမွန်တဲ့ မိနစ်အချို့ရခဲ့တာကလည်း မဆိုးပါဘူး။ ပွဲတိုင်းက အဓိပ္ပာယ်ရှိပါတယ်။ ကျွန်တော်တို့ အနိုင်ရချင်တယ်ဆိုရင် လက်ရှိခြေစွမ်းအနေအထားကို ဆက်ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက မကစားရတဲ့သူတွေကန်ခွင့်ရတာကလည်း ကောင်းပါတယ်။ အဲ့တာက သူတို့ထက်မြက်လာဖို့ အခွင့်အရေးပေးသလိုပါပဲ။ ကျွန်တော်တို့ဟာ ကစားသမားကောင်းတွေဖြစ်တယ်လို့ ထင်ပါတယ်။  လက်ရှိ ခြေစွမ်းအနေအထားကို ဆက်ထိန်းထားကြပြီး ပြိုင်ပွဲမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အစကောင်းခဲ့သလို အခုဆို နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့ပါပြီ”လို့ အန်ကီတီယားက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #ချန်ပီယံလိဂ် #အန်ကီတီယာ