ရှေ့သို့
Image

ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီးနောက် ယူနိုက်တက်စတား ၂ ဦးကို ဝေဖန်လိုက်တဲ့ ပေါလ်စခိုးလ်

2:55 PM, 13 December

ဘိုင်ယန်ကိုအရေးနိမ့်ပြီး ချန်ပီယံလိဂ်ကနေထွက်ခဲ့ရပြီးနောက် ယူနိုက်တက်ဂန္ထဝင်ဟောင်း ပေါလ်စခိုးလ်က အန်တိုနီနဲ့ ဂါနာချိုတို့ဟာ တစ်ကိုယ်ကောင်းဆန်တဲ့ ကစားသမားတွေလို့ ဝေဖန်လိုက်ပါတယ်။

အိမ်ကွင်းမှာ ဘိုင်ယန်ကို ၁-၀ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အခွင့်အရေးကောင်းတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို တိုက်စစ်ပိုင်းမှာလည်း ရက်ရှ်ဖို့ဒ် နဲ့ မာရှယ်တို့ ဖျားနေတာကြောင့် ဟွိုက်လန်းတစ်ဦးတည်းသာ ကျန်ရှိနေတာဖြစ်ပါတယ်။ စခိုးလ်က ယူနိုက်တက်ရဲ့တိုက်စစ်ပိုင်းဟာ တောင်ပံကစားသမားတွေရဲ့ဖန်တီးမှုပြတ်လပ်ခဲ့တာကြောင့် အဆင်မပြေခဲ့ဘူးလို့ ထောက်ပြခဲ့ပါတယ်။

“ကျွန်တော်အစိုးရိမ်ဆုံး တိုက်စစ်မှူးပါပဲ။ ကျွန်တော်တို့သူ့အတွက် အခွင့်အရေးတွေမဖန်တီးနိုင်ခဲ့ပါဘူး။ ချန်ပီယံလိဂ်မှာ သူ ၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် သူလိဂ်မှာတော့ မသွင်းနိုင်သေးပါဘူး။ ဒီနေ့ညမှာဆိုရင်လည်း သူအခွင့်အရေးမရသလို စနေနေ့တုန်းက ဘုန်းမောက်နဲ့ပွဲမှာလည်း အခွင့်အရေးမရခဲ့ပါဘူး။
အဲ့တာက ကြီးမားတဲ့စိုးရိမ်စရာပါ။ ဂိုးတွေဘယ်ကလာလဲဆိုတာ သိဖို့ လိုအပ်ပါတယ်။ တောင်ပံကစားသမား ၂ ဦးကလည်း တစ်ကိုယ်ကောင်းဆန်နေကြပါတယ်။ သူတို့က ကိုယ်တိုင်ဂိုးသွင်းဖို့ပဲ ကြည့်နေကြပါတယ်”လို့ စခိုးလ်က ပြောကြားခဲ့ပါတယ်။

“သူ ချန်ပီယံလိဂ်မှာ ၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ သူ့အခွင့်အရေးရရင်ရသလို အသုံးချနိုင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ညမှာလည်း သူ့ဆီကနေ ကြီးမားတဲ့စွမ်းဆောင်ရည်ကို မြင်ခဲ့ရပါတယ်။ ဒီလိုပွဲမျိုးမှာကစားခဲ့သလိုမျိုး ပရီးမီးယားလိဂ်မှာ ကစားဖို့ တည်ဆောက်ရပါမယ်။ ဒီနေ့မှာ သူအရမ်းကောင်းခဲ့ပါတယ်။ ဒါပေမယ့် အခွင့်အရေးတွေတော့ မဖန်တီးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူက ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်ခဲ့ပါတယ်”လို့ တန်ဟက်က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ် #ပေါလ်စခိုးလ် #အန်တိုနီ #ဂါနာချို