ရှေ့သို့
Image

ကာကာထက် ဘယ်လင်ဂမ်က ဘယ်နေရာတွေမှာ ပိုကောင်းလဲဆိုတာ ရှင်းပြလိုက်တဲ့ အန်ဆယ်လော့တီ

11:02 AM, 13 December

စတားကစားသမား ၂ ဦးစလုံးနဲ့လက်တွဲခဲ့ဖူးတဲ့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ဘယ်လင်ဂမ်ဟာ ကာကာထက် ဘယ်နေရာတွေမှာ ပိုကောင်းနေသလဲဆိုတာကိုရှင်းပြလိုက်ပါတယ်။

လက်ရှိရီးရဲလ်မက်ဒရစ်နည်းပြဟာ အေစီမီလန်မှာ အောင်မြင်မှုရရှိနေတဲ့အချိန်မှာ ဘရာဇီးသားက သူ့ရဲ့အစီစဉ်ထဲမှာ ပါဝင်ခဲ့သူဖြစ်ပြီး ၂၀၀၇ခုနှစ်မှာ ဘော်လွန်းဒီအော်ဆုကိုပါ ရရှိခဲ့တာဖြစ်ပါတယ်။ သူဟာ ရီးရဲလ်အတွက်လည်း ကစားပေးခဲ့သူဖြစ်ပြီး ဘာနေဗျူးမှာ ဘယ်လင်ဂမ်က သူ့ရဲ့ခြေရာကို နင်းနိုင်ခဲ့တဲ့သူတွေထဲက တစ်ဦးဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမား ဘယ်လင်ဂမ်ဟာ စပိန်မှာ ခြေစွမ်းပြသနေပြီး ၁၈ပွဲကစား ၁၆ ဂိုးသွင်းထားကာ အသက် ၂၀ ကွင်းလယ်ကစားသမားမှာ ကာကာရဲ့ခြေစွမ်းကိုမြင်ရဖို့ နီးစပ်နေပါပြီလို့ အန်ဆယ်လော့တီက ပြောကြားလိုက်ပါတယ်။

၂၀၀၂ခုနှစ် ကမ္ဘာ့ဖလားဆုရှင်ထက် ဘယ်လင်ဂမ်က ဘယ်နေရာတွေမှာ ပိုပြီးကောင်းနိုင်မလဲဆိုတာကို အန်ဆယ်လော့တီက "ဂိုးဧရိယာသို့ ကာကာက ဘောလုံးကိုဆွဲယူသွားတာများပါတယ်။ ဘယ်လင်ဂမ်လိုတော့ ဘောလုံးမပါဘဲ ရောက်သွားတဲ့ အရည်အချင်းများများစားစားတော့မရှိပါဘူး။ ကျွန်တော်တို့က နံပါတ် ၉ မပါဘဲ ကစားတာကြောင့် ဂိုးဧရိယာအတွင်းမှာ အဆုံးသတ်နိုင်ဖို့ နေရာလွတ်ပိုများပါတယ်။ ကာကာကို သုံးတဲ့ပုံစံနဲ့တော့ ကွဲပြားပါတယ်။ ယေဘုယျတော့ ကာကာက ဘောလုံးနဲ့ဆို အရမ်းကိုကောင်းပါတယ်။ ဘယ်လင်ဂမ်ရဲ့ ဘောလုံးမပါဘဲ ရွေ့လျားမှုက ပိုပြီးအကျိုးသက်ရောက်မှုရှိပါတယ်"လို့ ရှင်းပြပါတယ်။

ဘယ်လင်ဂမ်ဟာ ရီးရဲလ်မက်ဒရစ်မှာ မြန်မြန်ဆန်ဆန်ဘဲ ခြေစွမ်းပြသနိုင်ခဲ့ပြီး ၂၀၂၃ခုနှစ်အတွက် ကိုပါဆုဖလားနှင့် Golden Boy ဆုတို့ကို ရရှိခဲ့သူဖြစ်ပါတယ်။ ခွဲစိတ်ဖို့လိုအပ်နေတဲ့ ပုခုံးဒဏ်ရာရရှိထားသော်လည်း ကွင်းလယ်ကစားသမားဟာ အင်္ဂါနေ့ ယူနီယံဘာလင်နဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာ ပါဝင်ဖို့ရှိနေပါတယ်။

#လာလီဂါ #ကာကာ #ရီးရဲလ်မက်ဒရစ် #အန်ဆယ်လော့တီ #ဘယ်လင်ဂမ်