ရှေ့သို့
Image

တံကောက်ကြောဒဏ်ရာကြောင့် မတ်လမတိုင်ခင်အထိ နားရတော့မယ့် ရီစီဂျိမ်းစ်

9:09 AM, 13 December

အဲဗာတန်ကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် ချဲလ်ဆီးအသင်းခေါင်းဆောင် ရီစီဂျိမ်းစ် တစ်ယောက် မတ်လမတိုင်ခင်အထိ နားရတော့မှာဖြစ်ပါတယ်။

အင်္ဂလန်သားဟာ ဒီရာသီပရီးမီးယားလိဂ် ၈ ပွဲသာ ပါဝင်ခွင့်ရရှိထားခဲ့တာဖြစ်ပါတယ်။ အသက် ၂၄ နှစ်သားဟာ သြဂုတ်လတုန်းကလည်း လီဗာပူးအသင်းနဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့သေးတာဖြစ်ပါတယ်။ အဲ့နောက် အောက်တိုဘာမတိုင်ခင် ၇ ပွဲလောက်အထိ လွဲချော်ခဲ့ကာ မကြာသေးခင်တုန်းကမှ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။

ရိုမာနိုရဲ့အဆိုအရ ချဲလ်ဆီးအသင်းခေါင်းဆောင်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ၄ လလောက်အထိ နားရနိုင်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဂျိမ်းစ်တစ်ယောက် ဒဏ်ရာအခြေအနေတွေကြောင့် ပရီးမီးယားလိဂ် ၁၆ ပွဲသာ ပါဝင်ခွင့်ရရှိထားခဲ့ပါတယ်။

၂၀၂၁ - ၂၂ ရာသီအစကတည်းက ဂျိမ်းစ်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ၃၅ ပွဲအထိ လွဲချော်ခဲ့ပါတယ်။ ဒါ့အပြင် ကြွက်သားဒဏ်ရာ ၊ အဖျားဒဏ်ရာ ၊ ဒူးဒဏ်ရာတွေကြောင့်လည်း ၂၈ ပွဲအထိ လွဲချော်ခဲ့ပါတယ်။

ပိုချက်တီနိုအတွက်တော့ ညာနောက်ခံလူနေရာအတွက် ခေါင်းခဲစရာဖြစ်လာခဲ့ကာ ဂတ်စ်တိုကိုသာ အသုံးပြုရဖွယ်ရှိနေပါတယ်။ “ကျွန်တော်ဂျိမ်းစ်ကိုချစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အတွေ့အကြုံရှိတဲ့ ညာနောက်ခံလူတစ်ဦးလိုအပ်ပါတယ်။ ဒီလိုမျိုးဖြစ်နေတာက အဆင်မပြေပါဘူး”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

နောက်ထပ်တစ်ဦးကလည်း “ချဲလ်ဆီးအနေနဲ့ ညာနောက်ခံလူ အသစ်ခေါ်ယူဖို့အချိန်ကျနေပါပြီ”လို့ ရေးသားခဲ့ပါတယ်။ နောက်ထပ်တစ်ဦးကလည်း “ကျွန်တော်တို့ အသင်းခေါင်းဆောင်အသစ်လိုအပ်ပါတယ်။ အသင်းကလည်း ဦးဆောင်သူလိုအပ်နေပါတယ်”လို့ ရေးသားခဲ့ပါတယ်။

#ချဲလ်ဆီး #အဲဗာတန် #ရီစီဂျိမ်းစ် #ပရီးမီးယားလိဂ်