ရှေ့သို့
Image

ရလဒ်ဆိုးတွေ ပိုင်ဆိုင်ထားသော်လည်း ပိုချက်တီနိုရဲ့ ချဲလ်ဆီးနည်းပြ ရာထူးဟာ ဘေးကင်းနေဆဲဖြစ်တယ်လို့ ရိုမာနို အတည်ပြု

3:56 PM, 12 December

ယခုရာသီမှာ ချဲလ်ဆီးဟာ ရလဒ်ဆိုးတွေပိုင်ဆိုင်ထားပြီး ပုံစံကောင်းနဲ့ ဝေးကွာနေဆဲဖြစ်သော်လည်း အသင်းနည်းပြ ပိုချက်တီနိုကတော့ ရေရှည်စီမံကိန်းတွေ အတွက် စတန်းဖို့ဒ်ဘရစ်ချ်မှာ ဆက်ရှိနေဦးမှာဖြစ်တယ်လို့ အပြောင်းအရွှေဂုရု ဖာဘရီဇီယိုရိုမာနိုက အတည်ပြုပြောကြားလာခဲ့ပါတယ်။

သို့သော်လည်း ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ပွဲစဉ် နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရှိခဲ့တာကြောင့် တိုးတက်ဖို့ လိုအပ်သေးတယ်လို့ ရိုမာနိုက ဝန်ခံခဲ့ပါတယ်။ ဒီလိုရလဒ်တွေဟာ ချဲလ်ဆီးလို ထိပ်တန်းအသင်းတစ်သင်းအတွက်တော့ လုံလောက်အောင်ကောင်းမွန်ခြင်းမရှိပါဘူး။

ချဲလ်ဆီးပရိသတ်တွေ အနေနဲ့ အသင်းရဲ့အနာဂတ်အတွက်စိုးရိမ်မှုတွေ ရှိနေသော်လည်း အသင်းရဲ့ ဘုတ်အဖွဲ့နဲ့ နည်းပြပိုချက်တီနိုတို့အကြား ရေရှည်စီမံကိန်းတွေ ရှိနေတာကြောင့် ပိုချက်တီနိုရဲ့ နည်းပြရာထူးဟာ ဘေးကင်းနေဆဲဖြစ်တယ်လို့ ရိုမာနိုကဆိုပါတယ်။

ရိုမာနိုက “မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်တို့ကို ၂ ပွဲဆက်ရှုံးနိမ့်ခဲ့တဲ့ ရလဒ်ဆိုးတွေကို ချဲလ်ဆီး ပရိသတ်တော်တော်များများက စိတ်ပျက်ကြပါလိမ့်မယ်။ အခုချိန်မှာ ပိုချက်တီနိုရဲ့ချဲလ်ဆီးဟာ နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ နိုင်ထားတာကြောင့် တိုးတက်မှုတွေရှိဖို့ လိုအပ်လာပါပြီ။ အခုလို ရလဒ်တွေက အသင်းအတွက် လုံလောက်မှုမရှိပါဘူး။ ခုချိန်မှာတော့ ပိုချက်တီနိုရဲ့ အပြောင်းအရွှေ့ပစ်မှတ်တွေကို တိတိကျကျမပြောနိုင်သေးပါဘူး။ ယေဘုယျအားဖြင့်တော့ လက်ရှိရေရှည်စီမံကိန်းကို ချဲလ်ဆီးက ကာကွယ်ပေးထားပြီး ပိုချက်တီနိုကို ကျောထောက်နောက်ခံပေးနေတုန်းပါပဲ။ ဒီနှစ်အမှတ်ပေးဇယားမှာ ချဲလ်ဆီးဟာ ဘယ်အဆင့်မှာ ရှိရမယ်ဆိုတဲ့ ဖိအားမျိုးလည်း ပိုချက်တီနိုအပေါ်မှာ မရှိသေးပါဘူး။ လက်ရှိအခြေအနေကို ပြောင်းလဲပစ်ဖို့လိုအပ်တာကတော့ သေချာပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းကတော့ သူတို့မန်နေဂျာဘက်မှာရပ်တည်နေပြီး မန်နေဂျာရဲ့ စိတ်ကူးတွေကို ရေရှည်ယုံကြည်ပြီး ထောက်ခံပေးဖို့ တောင်းဆိုနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
#ချဲလ်ဆီး #ရိုမာနို #ပိုချက်တီနို #ပရီးမီးယားလိဂ်