ရှေ့သို့
Image

ဆန်ချိုနဲ့ ရာဖင်ဟာကို အလဲအထပ်ပြုလုပ်မယ်ဆိုတဲ့သတင်းတွေကို ဘာစီလိုနာ ပယ်ချ

1:23 PM, 12 December

စပိန်ကလာတဲ့သတင်းတွေအရ ဘာစီလိုနာအသင်းဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဆန်ချိုနဲ့ ရာဖင်ဟာတို့ အလဲအထပ်လုပ်မယ့်သတင်းတွေကို ပယ်ချလိုက်ပါတယ်။ တန်ဟက်နဲ့ အချင်းများခဲ့ပြီးနောက် ယူနိုက်တက်ဟာ လာမယ့် အပြောင်းအရွှေ့ဈေးကွက်မှာ ဆန်ချိုကို ရောင်းထုတ်ဖို့ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ကို ၃-၁ နဲ့အရေးနိမ့်ခဲ့ပြီးနောက် တန်ဟက်ဟာ ဆန်ချိုကို လူသိရှင်ကြာဝေဖန်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် လူမှုမီဒီယာပေါ်မှာ ဆန်ချိုက တန်ဟက်ကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ဒေါ့မွန်ကနေ ယူနိုက်တက်ထံ ပေါင် ၇၃ သန်းနဲ့ပြောင်းလာပြီးနောက် ဆန်ချိုဟာ ခြေစွမ်းကောင်းတွေပြသနိုင်ဖို့ ရုန်းကန်နေရပြီး အခုလည်း ယူနိုက်တက်နဲ့အနာဂတ်က မသေချာတော့တာဖြစ်ပါတယ်။ စပိန်ကလာတဲ့သတင်းတွေအရ ယူနိုက်တက်ဟာ ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့ ဆန်ချိုကို အလဲအထပ်သဘောမျိုးကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီပို့တီဗီု့သတင်းဌာနကတော့ ဘာစီလိုနာဟာ အဆိုပါသတင်းတွေကို ငြင်းဆန်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

သတင်းတွေအရ ရာဖင်ဟာရဲ့အခြေအနေဟာ အခုဆောင်းဈေးကွက်မှာ ထိမရတဲ့ကစားသမားတစ်ဦးဖြစ်တယ်လို့ သိရပြီး လာမယ့်နွေမှာတော့ ရောင်းချနိုင်တယ်လို့ သိရပါတယ်။ ရာဖင်ဟာတစ်ယောက် ဘာစီလိုနာအသင်းထံ ပြီးခဲ့တဲ့နှစ်တုန်းက လိဒ်ယူနိုက်တက်ကနေ ပြောင်းလာခဲ့တာဖြစ်ပြီး အသင်းအတွက် ၆၅ ပွဲမှာ ၁၂ ဂိုးသွင်း ၊ ၁၇ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘာစီလိုနာ #အပြောင်းအရွှေ့ #ဆန်ချို #ရာဖင်ဟာ