ရှေ့သို့
Image

ခြေစမ်းပွဲမှာ ထိပ်တိုက်ရင်ဆိုင်တွေ့ကြမယ့် မက်ဆီနဲ့ ရော်နယ်ဒို

10:32 AM, 12 December

လာမယ့်ဖေဖော်ဝါရီ ၁  ရက်နေ့မှာတော့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ပါဝင်နေတဲ့ အင်တာမီယာမီနဲ့ အယ်လ်နာဆာတို့ဟာ ခြေစမ်းပွဲမှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။ ရာသီကြိုခြေစမ်းပွဲအဖြစ် Riyadh ကွင်းမှာ ၂ သင်းတွေ့ဆုံမှာဖြစ်ပြီး အင်တာမီယာမီက ကနဦး အယ်လ်-ဟီလယ်အသင်းနဲ့ပါရင်ဆိုင်မှာ ဖြစ်ပါတယ်။

အယ်လ်ဟီလယ်အသင်းမှာ မီလန်ကိုဗစ်ဆာဗစ်နဲ့ မီထရိုဗစ်တို့ရှိနေပေမယ့် ပရိသတ်တွေစိတ်အဝင်စားဆုံးပွဲက မက်ဆီနဲ့ ရော်နယ်ဒိုတို့ ထိပ်တိုက်တွေ့ဆုံမယ့်ပွဲဖြစ်ပါတယ်။ သူတို့  ၂ ဦးစလုံးဟာ ယခင်တုန်းက လာလီဂါမှာ ဘာစီလိုနာ၊ ရီးရဲလ်အသင်းတွေနဲ့ အတူ ကစားခဲ့တာဖြစ်ပါတယ်။ ၂ ဦးကြားမှာ ထိပ်တိုက်တွေ့ဆုံမှု ၃၅ ကြိမ်အထိ ရှိခဲ့ပြီး မက်ဆီက ၁၆ ကြိမ်အနိုင်ရခဲ့ကာ ရော်နယ်ဒိုက ၁၀ ကြိမ်အနိုင်ရခဲ့ပါတယ်။

အဆိုပါပွဲတွေမှာ မက်ဆီဟာ ၂၁ ဂိုးသွင်း ၊ ၁၂ ဂိုး ဖန်တီးပေးနိုင်ခဲ့ကာ ရော်နယ်ဒိုက ၂၀ ဂိုးသွင်း ၊ ၁ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂ ဦးပေါင်း ဘော်လွန်းဒီအော်ဆုကိုလည်း ၁၃ ကြိမ်အထိ ရယူထားနိုင်ခဲ့ပြီး မက်ဆီက ၈ ကြိမ် နဲ့ ရော်နယ်ဒိုက ၅ ကြိမ် အနိုင်ရထားခဲ့ပါတယ်။

အဆိုပါပွဲနဲ့ပတ်သက်ပြီး အချက်အလက်တွေနဲ့ ထုတ်လွှင့်မယ့်ရက်အသေးစိတ်ကို ကြေညာဖွယ်ရှိနေပါတယ်။ “ဒီပွဲက ထိပ်တန်းကစားသမား ၂ ဦးကို မြင်တွေ့ရမယ့်အခွင့်အရေးပါ။ ဆော်ဒီမှာရှိတဲ့ ပရိသတ်အသစ်တွေကို ချိတ်ဆက်ရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ ကမ္ဘာတစ်လွှားက ပရိသတ်တွေလည်း အဲ့လိုပွဲမျိုးကို မျှော်လင့်နေကြမှာပါ”လို့ အင်တာမီယာမီအမှုဆောင် ဇာဗီယာက ပြောကြားခဲ့ပါတယ်။

#ရော်နယ်ဒို #မက်ဆီ #ခြေစမ်းပွဲ