ရှေ့သို့
Image

သူနောင်တအရဆုံး အရာတစ်ခုကို ပြောကြားလိုက်တဲ့ တီကိုဂန္ထဝင် ဖီလစ်ပီလူးဝစ်

8:36 AM, 12 December

အက်သလက်တီကိုမက်ဒရစ်ဂန္ထဝင် ဖီလစ်ပီလူးဝစ် ကစားသမားဘဝရဲ့နောင်တအရဆုံး အရာက ပြိုင်ဘက်ကစားသမားကို မဆီလျော်တဲ့နည်းစနစ်အသုံးပြုခဲ့တာဖြစ်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ အထူးသဖြင့် လူးဝစ်က ပြိုင်ဘက်ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှာ ဒီမာရီယာကို အခုလိုမျိုးလုပ်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဘယ်နောက်ခံကစားသမားဟောင်းဟာ တီကိုအတွက်ကစားပေးခဲ့တာဖြစ်ပြီး ဒီမာရီယာက ရီးရဲလ်အတွက် ကစားပေးခဲ့တာဖြစ်ကာ ၂ သင်းတွေ့ဆုံမှုတွေက ပြင်းထန်ခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်တုန်းက အနားယူသွားခဲ့တဲ့ လူးဝစ်က အင်တာဗျူးတစ်ခုမှာ ဒီမာရီယာကို ဒုက္ခပေးဖို့ ပွဲတစ်ပွဲမှာ ကြိုးပမ်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် တီကို ကိုရောက်လာချိန်မှာ သူက ရီးရဲလ်အတွက်ကစားပေးနေတာပါ။ အဲ့အချိန်မှာ အဂူရိုက ဖီးလစ်ပီ ခင်ဗျား သူ့ကိုအနီးကပ်ဒုက္ခပေးနိုင်မယ်ဆိုရင် သူကတစ်ပွဲလုံးပုပ်နေတော့မှာပါ။ သူ့ဆီကိုသွားပြီး သူ့မိန်းမအကြောင်း ပြောလိုက်ပါလို့ သူကအကြံပေးခဲ့ပါတယ်။ ကျွန်တော်ကလည်း သူပြောတဲ့အတိုင်း ဒီမာရီယာကို မနှစ်မြို့စရာတွေအပြင် သူ့ဇနီးသည်နာမည်ကိုပါ ရွတ်ပြီးပြောခဲ့ပါတယ်။ အဲ့ချိန်မှာ သူကပြန်ကြည့်ပြီး တစ်ပွဲလုံးဘာမှမလုပ်နိုင်တော့သလို ကျွန်တော်လည်း သူ့ကိုတစ်ပွဲလုံးအနိုင်ယူနိုင်ခဲ့ပါတယ်။ သူက ပွဲထဲမှာ တကယ်ဘာမှကို မလုပ်နိုင်တော့တာပါ။ ကျွန်တော်ဒီနေ့ထိတောင် ဆီမြွန်နီလက်အောက်မှာ ကစားခွင့်ရခဲ့တာကို အိပ်မက်တွေလို့ထင်နေတုန်းပါပဲ။ သူက တောက်လျှောက်ကို ဘေးကနေညွှန်ကြားချက်ပေးနေတာပါ။ သူပေးတဲ့နည်းစနစ်တွေကလည်း ကျွန်တော့်ကို အံ့အားသင့်စေပါတယ်။ သူက ကျွန်တော့်ဘဝရဲ့မှတ်တိုင်ပါပဲ။ ကျွန်တော် ဒီမာရီယာကို ပြောခဲ့တာတွေအတွက် နောင်တရမိပါတယ်”လူးဝစ်က ပြောကြားခဲ့ပါတယ်။

#လာလီဂါ #ဒီမာရီယာ #အက်သလက်တီကို #လူးဝစ်ဇ်