ရှေ့သို့
Image

ဘုန်းမောက်နဲ့ ပွဲမှာ အဝါကတ်ယူသွားတဲ့ ဖာနန်ဒက်စ်ရဲ့ အပေါ် ဝေဖန်ပြောကြားလိုက်တဲ့ မိုက်ကယ်အိုဝင်

11:15 AM, 11 December

အိုဝင်ဟာ ယူနိုက်တက်အသင်းခေါင်းဆောင်ကို ဝေဖန်တဲ့နောက်ဆုံးသူဖြစ်ပြီး လာမယ့်ရက်သတ္တပတ် လီဗာပူးနှင့် ကစားမယ့်ကို မပါဝင်ဖို့ သူ့ကိုပွဲပယ်လိုက်သင့်တယ်လို့ ဟာသလုပ်ပြောကြားထားပါတယ်။

လီဗာပူးအသင်းရဲ့ ခါသီးပြိုင်ဘက်ဖြစ်တဲ့ ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ဘုန်းမောက်ကို  ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဖာနန်ဒက်စ်ဟာ ဒိုင်လူကြီး ပီတာဘန့်ခ်ရဲ့ အရေးယူခြင်းကိုခံခဲ့ရပါတယ်။ ဒါဟာ သူ့ရဲ့ ၅ ကြိမ်မြောက် အရေးယူခံရခြင်းဖြစ်ပြီး ပြစ်ဒဏ်အနေနဲ့ ၁ ပွဲပယ် ခံရတော့မှာဖြစ်ကာ ဒီဇင်ဘာ ၁၇ ရက်နေ့ ယူနိုက်တက်ရဲ့ အန်ဖီးလ်သို့ သွားရောက်ကစားရမယ့်ပွဲမှာ ဖြစ်ပါတယ်။

အသက် ၂၉နှစ်အရွယ် ဖာနန်ဒက်စ် အင်္ဂလန်မှာရှိနေစဉ်တစ်လျှောက်လုံး အထူးသဖြင့် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ ရာသီမခင်မှာ သူ့ရဲ့သဘောထားတွေက မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ နောက်ဆုံးအဖြစ်အပျက်ဖြစ်ခဲ့ပြီးနောက် အိုဝင်က ဖာနန်ဒက်စ်ကို ဝေဖန်ပြောကြားလိုက်ပါတယ်။

"သဘောထားကွဲလွဲမှုတွေအပေါ် သူ့အနေနဲ့ အဝါကဒ်ဘယ်လောက်အထိ ပြသခံထားရသလဲဆိုတာ ကျွန်တော်သိချင်ပါတယ်။ အန်ဖီးလ်သို့ သွားရောက်ဖို့ စိတ်ကူးမရှိတာဖြစ်နိုင်ပါတယ်" လို့ ကလပ်နှစ်ခုစလုံးမှာ တိုက်စစ်မှုးအဖြစ် ကစားခဲ့တဲ့ အိုဝင်က ပြောပါတယ်။

ဖာနန်ဒက်စ်ဟာ လီဗာပူးနှင့်ပွဲကို ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားခဲ့တာဖြစ်တယ်လို့ ရစ်ချက်ကီးနှင့် အန်ဒီဂရေးတို့က ဆွေးနွေးပြောကြားခဲ့ပြီး အိုဝင်ကတော့ အဆိုပါပြောဆိုမှုကို ဟာသလုပ်ခဲ့ပါတယ်။

"အကြိတ်အနယ်ကစားနေတဲ့အချိန် နောက်ပွဲအတွက် တွေးတောနေဖို့ဆိုတာ မသေချာပေမယ့် သူက တာဝန်ယူသင့်ပါတယ်။ သူက အသင်းရဲ့ သံသမန်ကောင်းတစ်ဦးနဲ့ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သင့်ပါတယ်" "ဒိုင်လူကြီးတွေက ဒါကိုတင်းတင်းကြပ်ကြပ်လုပ်ဆောင်တာကို ကျွန်တော်တို့အားလုံးသိကြပြီး သူက ဆိုးဆိုးရွားရွားကြီး ကြမ်းတမ်းခဲ့တာဖြစ်ပါတယ်" လို့ အိုဝင်က ပြောပါတယ်။

တန်ဟက်ရဲ့အသင်းအတွက် ခက်ခဲတဲ့ရက်သတ္တပတ်ကိုရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ပထမဆုံအနေနဲ့ သူတို့အသင်းဟာ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်နဲ့ ကစားရမှာဖြစ်ပြီး အနိုင်ရရှိမှာသာ ဥရောပပြိုင်ပွဲကနေ မထွက်ရမှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၇ ရက်နေ့မှာတော့ လီဗာပူးနှင့် ကစားရမှာဖြစ်ပြီး ယခုနှစ်အစောပိုင်းက ၇-၀ ဂိုးဖြင့် ရှုံးနိမ့်ထားသလိုမျိုးမဖြစ်ဖို့ ဆုတောင်းနေရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာနန်ဒက်စ် #ဘုန်းမောက်လ် #မိုက်ကယ်အိုဝင် #ပရီးမီးယားလိဂ်