ရှေ့သို့
Image

ဂိုးသွင်းတာက မိမိရဲ့အားသာချက်မဟုတ်ကြောင်း ဂျီးဆပ်စ် ရှင်းပြ

12:09 PM, 9 December

အာဆင်နယ်တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်စ်က  ဂိုးသွင်းတာက သူ့ရဲ့ အားသာချက်မဟုတ်ကြောင်း အင်တာဗျူးအသစ်မှာ ဖြေကြားလိုက်ပါတယ်။

ဂျီးဆပ်စ်ဟာ ယခင်အင်တာဗျူးမှာ ဂိုးသွင်းတာက သူ့ရဲ့အားသာချက်မဟုတ်ဘူးလို့ ရှင်းပြခဲ့သလို သူ့အနေနဲ့ ဂိုးသွင်းစက်အဖြစ် မွေးဖွားလာတာမဟုတ်ပေမယ့် တိုးတက်ဖို့တော့ လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျီးဆပ်စ်ဟာ ဒီရာသီပရီးမီးယားလိဂ် ၂ ဂိုးသာသွင်းယူထားနိုင်ခဲ့ပြီး စက်တင်ဘာလတုန်းက ယူနိုက်တက်နဲ့ကစားခဲ့တဲ့ပွဲရယ် ပြီးခဲ့တဲ့ လူတန်တောင်းနဲ့ပွဲရယ်မှာသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ် ၄ ပွဲမှာတော့ ဂျီးဆပ်စ်ဟာ ၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ “အဲ့တာက အခိုက်အတန့်တစ်ခုပါ။ ဖိအားများတဲ့ပွဲမှာ မတူညီတဲ့အခြေအနေတွေဖြစ်ရင် ပြိုင်ဘက်ကို ကျွန်တော်တို့အရေးနိမ့်ပါပြီ။ တစ်ချို့အချန်တွေမှာ ကျွန်တော်တို့ ပင်ပန်းမှုအကြောင်းပြောဖြစ်ပါတယ်။ ကျွန်တော်က အမြဲတမ်းရိုးရိုးသားသားပြောတာပါ။ ပွဲအပြီးမှာ ကျွန်တော်တို့ စကားပြောသလိုခံစားရပါတယ်။ ကျွန်တော်နောက်တစ်ကြိမ်ထပ်ပြောပါမယ်။ ဒါပေမယ့် အဲ့တာက အခုရှင်းရှင်းလင်းလင်းပြောတာပါ။ ဂိုးအများကြီးသွင်းရတာ ဒါမှမဟုတ် ဂိုးသွင်းအများဆုံးဆုအတွက် တိုက်ပွဲဝင်ရတာက ကျွန်တော့်အားသာချက်မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တိုးတက်နိုင်ပါသေးတယ်။ ကျွန်တော် တိုးတက်ချင်သလို ဆက်လက်ပြီးလည်း တိုးတက်အောင်လုပ်မှာပါ။ ကျွန်တော့်မှာ အခြားအရည်အချင်းတွေရှိပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ဂိုးတွေသွင်းနိုင်ပါတယ်။ ကျွန်တော်ဂိုးတွေသွင်းနိုင်သလို အသင်းကိုလည်း ကူညီနိုင်ပါတယ်”လို့ ဂျီးဆပ်စ်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ အခုအပတ်မှာ ဗီလာနဲ့ကန်ရမှာဖြစ်ပြီး ဗီလာကိုအနိုင်ရခဲ့ရင် တဖက်မှာ လီဗာပူးက ပဲလေ့စ်ကို အရေးနိမ့်ခဲ့ရင် အမှတ်ပေးဇယားကို ၅ မှတ်ဖြတ်ဦးဆောင်နိုင်မှာဖြစ်ပါတယ်။

#အာဆင်နယ် #ဂျီးဆပ် #ပရီးမီးယားလိဂ်