ရှေ့သို့
Image

ဗီလာဂိုးသွင်းစက် ဝက်ကင်းစ်ကို တားဆီးဖို့ ရိုးရှင်းတဲ့အစီအစဉ်ရှိတယ်လို့ အာတီတာ ထုတ်ဖော်ပြောကြား

12:07 PM, 9 December

အာဆင်နယ်နည်းပြ အာတီတာက မိမိတို့အသင်းအနေနဲ့ ဗီလာဂိုးသွင်းစက် ဝက်ကင်းစ်ကိုတားဆီးဖို့ ရိုးရှင်းတဲ့အစီအစဉ်ရှိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဗီလာစတားဟာ ဒီရာသီမှာပုံစံကောင်းပြသနေပြီး ပြိုင်ပွဲစုံ ၂၂ ပွဲမှာ ၁၃ ဂိုးသွင်း ၊ ၈ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးပွဲအပါအဝင် နောက်ဆုံး ၃ ပွဲကိုလည်း ဂိုးသွင်းထားနိုင်ခဲ့ကာ အာဆင်နယ်နဲ့ပွဲမှာလည်း ဆက်လက်ဂိုးသွင်းနိုင်ဖို့ ကြိုးပမ်းဖွယ်ရှိနေပါတယ်။

အာတီတာဟာ ဝက်ကင်းစ်ရဲ့ခြိမ်းခြောက်မှုကို သတိထားမိပြီး မိမိတို့အသင်းကို ဒုက္ခပေးနိုင်တယ်လို့ ဆိုပါတယ်။  “သူက ပြီးခဲ့တဲ့နှစ်အနည်းငယ်ကတည်းက တည်ငြိမ်တဲ့စွမ်းဆောင်ရည်ပြသနေတာပါ။ သူက တကယ်ခြိမ်းခြောက်နိုင်ပါတယ်။ အခြားတိုက်စစ်မှူးတွေလိုပဲ သူ့ကိုဧရိယာထဲမှာ နေရာလွတ်ပေးလို့မရပါဘူး။ အဲ့တာက သူ့ရဲ့အဓိကအရည်အချင်းပါ”လို့ အာတီတာက ဗီလာနဲ့ပွဲမတိုင်ခင် သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဗီလာအသင်းဟာ အာဆင်နယ် အသင်းနဲ့ အမှတ်ကွာဟမှုကိုလျော့ချနိုင်ဖို့ ပြင်ဆင်နေပြီး စီးတီးအသင်းကို ကြားရက်တုန်းက ၁-၀ နဲ့အနိုင်ရထားခဲ့ပါတယ်။ လူတန်တောင်းနဲ့ပွဲမှာ အဝါကတ် ၃ ကတ်ပြည့်ခဲ့တာကြောင့် အာတီတာဟာ ဗီလာနဲ့ပွဲကို ကြီးကြပ်နိုင်တော့မှာ မဟုတ်တာဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #အက်စတွန်ဗီလာ #ဝက်ကင်းစ် #ပရီးမီးယားလိဂ်