ရှေ့သို့
Image

တန်ဟက် ရှင်းထုတ်သင့်တဲ့ ယူနိုက်တက်ကစားသမား ၁၀ ဦးရဲ့ နာမည်ကို ပြောကြားလိုက်တဲ့ ရွိုင်ကိန်း

11:24 AM, 9 December

ဗုဒ္ဓဟူးနေ့တွင် ချဲလ်ဆီးအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ယူနိုက်တက်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာတွင် ရပ်တည်နေပြီး လက်ရှိရာသီအသင်းရဲ့ ခြေစွမ်းမတည်ငြိမ်မှုများကြောင့် တန်ဟက်ကလည်း ဝေဖန်မှုတွေရဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ နယ်သာလန်နည်းပြလက်ထက် နွေရာသီမှာခေါ်ယူခဲ့တဲ့ ကစားသမား ၂ ဦး အပါအဝင် အသင်းရဲ့ ကစားသမားအများစုဟာ တန်ဟက်ရဲ့လူစာရင်းမှာ ဆက်ရှိဖို့ လုံလောက်မှုမရှိဘူးလို့ ရွိုင်ကိန်းက ထင်နေပါတယ်။

Stick to Football podcast တွင် ဂယ်ရီနဗီးလ်က ယူနိုက်တက် ကစားသမားအားလုံးကို ပြောဆိုခဲ့သလို အဲ့ဒီထဲကမှ လင်ဒီလော့ဖ်၊ မက်ဂွါရီ၊ ဗာရာနီ၊ ဒါလော့၊ အီဗန်၊ အဲရစ်ဆင်၊ အန်တိုနီ၊ မာရှယ်နှင့် ဆန်ချိုတို့ကို ရှင်းထုတ်သင့်တယ်လို့ ရွိုင်ကိန်းက ပြောကြားခဲ့ပါတယ်။ အဲ့ဒီထဲမှာ နွေရာသီကမှ ဖီအိုရင်တီးနားကနေ အငှားဖြင့် ယူနိုက်တက်တို့ ခေါ်ယူထားတဲ့ အမ်မရာဘတ်လည်းပါဝင်နေပါတယ်။

နောက်ဆုံး အတန်းစားထဲမှာ ကိန်းက နွေရာသီမှာ အင်တာကနေ ပေါင် ၄၇ သန်းဖြင့် ရောက်လာခဲ့တဲ့ အိုနာနာ၊ လုခ်ရှော၊ ဝမ်ဘစ်ဆာကာနှင့် တွန်မီနေးတို့ကိုထည့်သွင်းထားခဲ့ပါတယ်။ ဒါ့အပြင် ရက်ရှ်ဖို့ဒ်ရဲ့ အိုးထရက်ဖို့ဒ်ရှိ အနာဂတ်နှင့် ပတ်သက်ပြီး ကိန်းက တွန့်ဆုတ်နေတာလည်းဖြစ်ပါတယ်။

"မားကပ်စ်နဲ့ ပတ်သက်ပြီး ကျွန်တော်လည်း မသေချာပါဘူး။ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်နေစိတ်ထားတွေက ပြောင်းသွားတာပါ။ သူက ပါရမီရှိတဲ့ ကစားသမားတစ်ဦး ဖြစ်သော်လည်း အလုပ်မကြိုးစားဘဲ မကြာခဏဆိုသလို ခြေစွမ်းကျဆင်းသွားမှာပါ။ ဒါဟာ သူ့ရဲ့ယုံကြည်မှုနဲ့ ကွင်းပြင်ပက အရာတွေအကြောင်းပြောနေတာပါ" လို့ ကိန်းက ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရွိုင်ကိန်း #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ်