ရှေ့သို့
Image

ရာယာရဲ့ တိုးတက်လာတဲ့ စွမ်းဆောင်ရည်အပေါ် ချီးကျူးလိုက်တဲ့ အာတီတာ

10:48 AM, 9 December

ရမ်စ်ဒေးလ်ရဲ့ နံပါတ် ၁ နေရာကို အစားဝင်ရောက်လာကတည်းက ရာယာဟာ အမှားတွေအများကြီး ကျူးလွန်ခဲ့တာဖြစ်ပြီး မကြာသေးခင်က လူတန်တောင်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ မှားသင့်တဲ့ အမှား ၂ ခုကို ကျူးလွန်ခဲ့ပါတယ်။ ဒါပေမဲ့ အာဆင်နယ်ဂိုးသမားနေရာ အတွက် အချေအတင်ဖြစ်နေချိန်မှာ အဆိုပါမှားတွေကို အာတီတာက ကာကွယ်ပြောကြားပေးခဲ့ပါတယ်။

"သူ့ရဲ့ပုံစံနဲ့ အသင်းသို့ရောက်လာကတည်းက သူ့ရဲ့အောင်မြင်မှုကိုကိုကြည့်လိုက်မယ်ဆိုရင် တကယ်ကို အထင်ကြီးဖို့ကောင်းပါတယ်" "ကျွန်တော် ဘာပြောနိုင်သလဲဆိုတော့ ကျွန်တော့်မှာ ဂိုးသမာ ၃ ဦးရှိပြီး ကျွန်တော်တို့ရဲ့ကစားသမားတွေကို အကောင်းဆုံးနည်းလမ်းတွေနဲ့ ပံ့ပိုးပေးနေတဲ့အတွက် အရမ်းကို ပျော်ရွင်မိပါတယ်" "ကျွန်တော်တို့က သူတို့ကိုကာကွယ်ပေးပြီး အကောင်းဆုံးပုံစံတွေကို ဖော်ထုတ်ပေးရမှာပါ။ အဲ့ဒီအပေါ်မှာပဲ ပိုပြီး အာရုံစိုက်ဖြစ်ပါတယ်။ ကစားသမားတိုင်းက ပံ့ပိုးမှုနဲ့ ချစ်ခင်ပေးမှု လိုပြီး ဒါတွေနဲ့ သူတို့က ထိုက်တန်ပါတယ်" "ကျွန်တော်တို့ထံကနေ သူက အဲ့ဒီလိုမျိုးတွေရရှိထားပြီး ကျွန်တော်တို့ကလည်း ဆက်လက်ပေးသွားမှာဖြစ်ပါတယ်" လို့ အာတီတာက အက်စ်တွန်ဗီလာနှင့်ပွဲမတိုင်မီ ရာယာရဲ့ပတ်သက်ပြီး ပြောပါတယ်။

ရမ်စ်ဒေးလ်ကတော့ လူတန်တောင်နဲ့ပွဲက ရာယာရဲ့ အမှားတွေကြောင့် ပျော်နေပုံရပြီး ပြိုင်ဘက်နည်းပြ ရော့ဘ်အက်ဒ်ဝပ်က သူ့ရဲ့အသင်းဟာ စပိန်နိုင်ငံသားကို ပစ်မှတ်ထားပြီး ကစားခဲ့တာဖြစ်ပါတယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ကစားသမားဟောင်း အွန်နရီကတော့ လူတန်တောင်နဲ့ပွဲက ရာယာရဲ့စွမ်းဆောင်ရည်အပေါ် သဘောမကျဖြစ်နေသလို အသက် ၂၈ နှစ်အရွယ် ဂိုးသမားဟာ အာဆင်နယ်ရဲ့ ဆုဖလားအတွက် ပြိုင်ဆိုင်မှုမှာ အဟန့်အတားဖြစ်စေနိုင်ပါတယ်လို့ အိုဟားရားက ထင်နေပါတယ်။

ရာယာဟာ အာဆင်နယ်ကို နွေရာသီတုန်းက ဘရန့်ဖို့ဒ်ကနေ အငှားဖြင့် ရောက်လာခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ ပေါင် ၂၇ သန်းဖြင့် အပြီးသတ်ခေါ်ယူဖို့ရှိနေသူဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #ရမ်စ်ဒေးလ် #ပရီးမီးယားလိဂ် #ရာယာ