ရှေ့သို့
Image

ဆာကာနဲ့ တွဲကစားရတာက ဘဝကို ပိုပြီးလွယ်ကူစေပါတယ်လို့ ဖွင့်ဟလာတဲ့ တိုမီယာဆု

9:44 AM, 9 December

အာဆင်နယ်နောက်ခံလူ တိုမီယာဆုကတော့ လူငယ်ကြယ်ပွင့်ကစားသမားလေး ဆာကာနဲ့ တွဲဖက်ကစားရခြင်းအပေါ် ပျော်ရွှင်ကျေနပ်လျက် ရှိနေပါတယ်။ တိုမီယာဆုဟာ ဒီနှစ်ရာသီ အာဆင်နယ်အတွက် ဂိုးသွင်းပေးထားသလို ပထမဆုံး ဂိုးဖန်တီးမှုကိုလည်း ဝုဗ်နဲ့ပွဲစဉ်မှာ စတင်ပြုလုပ်နိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာတော့ တိုမီယာဆု၊ ဆာကာတို့ရဲ့ ခြေစွမ်းပြမှုတွေနဲ့အတူ အာဆင်နယ်က အနိုင်ရကာ ဇယားထိပ်ကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တိုမီယာဆုကတော့ ကံမကောင်းစွာပဲ ကြွက်သားဒဏ်ရာကြောင့် တစ်လလောက်ထိ အနားယူရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

ကွင်းထဲမှာ ဆာကာနဲ့ တွဲဖက်ကစားရခြင်းအပေါ် တိုမီယာဆုက"ဆာကာက ကျွန်တော့် ကစားသမားဘဝကို ပိုပြီး လွယ်ကူလာစေသူ တစ်ယောက်ပါ။ ဝုဗ် နဲ့ ပွဲတုန်းကဆို ကျွန်တော် ဘာမှကို သိပ်မလုပ်လိုက်ရပါဘူး။ သူ့ ခြေထောက်ထဲကို ဘောလုံး ထည့်ပေးလိုက်တာနဲ့ အရာရာကို သူ့ဟာသူ လုပ်ဆောင် သွားခဲ့တာပါ၊သူ နဲ့ ထရိန်နင်ကွင်း အတွင်း ရင်ဆိုင် ကစားရတာကလည်း အိပ်မက်ဆိုးပါပဲ ၊ သူ တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော် ထရိန်နင်မှာ ညာနောက်ခံလူတစ်ယောက် အဖြစ် ကစားရင် မာတင်နယ်လီနဲ့ ရင်ဆိုင်ရတာလည်း ခက်ခဲလှပါတယ်။ "မာတင်အိုဒီဂတ် ကတော့ သိပ်ကို ဉာဏ်ကောင်းလွန်းပါတယ်။ ကွင်းအတွင်း ဘာတွေ လုပ်ဆောင်ရမလဲ ဆိုတာကို သူက အလိုလိုသိသူ တစ်ယောက်ပါ။ ပြီးတော့ သူဟာ အရမ်း ပရော်ဖက်ရှင်နယ် ဆန်ပြီး ကျွန်တော်တို့ အားလုံးအတွက် စံပြကောင်း တစ်ယောက်ပါ။ ကွင်းအပြင်မှာလည်း အလားတူပါပဲ။ ကျွန်တော် သူ့ကို အရမ်း ကြိုက်နှစ်သက်ပြီး သူဟာ ကပ္ပတိန် တစ်ယောက် ဖြစ်ဖို့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ သူ့ကို ချစ်ပါတယ်။ အာဆင်နယ်က ကမ္ဘာ့ အခမ်းနား အကြီးကျယ်ဆုံးသော ကလပ်တွေထဲ တစ်ခုပါ"လို့ ပြောသွားခဲ့ပါတယ်။

" အသင်းဖော်တွေ ၊ ပရိသတ်တွေနဲ့အတူတူ အာဆင်နယ် အတွက် ကစားပေးနေရတာကို ကျနော် အရမ်း မွေ့ပျော်ပါတယ် ၊ ကျနော် ကွင်းအတွင်းကို ဝင်ရောက်လာချိန်တိုင်း ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ခံစားမိပါတယ် ၊ အချိန်တိုင်း သူတို့ ကျနော်တို့ အနောက်မှာ ရှိနေပေးပါတယ် ၊ ကျွန်တော့် ဒဏ်ရာတွေ နဲ့ ပတ်သတ်ပြီးတော့ စိတ်ပျက် စိတ်ရှုပ်ထွေးမိပါတယ် ၊ အဲ့ဒီ ခံစားချက်က မကောင်းပါဘူး ၊ ဒါပေမယ့် မင်း အနေနဲ့ အပေါင်းလက္ခဏာဆန်စွာ နေဖို့ လိုပါတယ် ၊ ဒါကပဲ ကျွန်တော့်ကို ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်လာစေမှာပါ။ ကျွန်တော် တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာနိုင်ဖို့ ကြိုးပမ်းသွားပါမယ်"လို့ ပြောခဲ့ပါတယ်။

#ဆာကာ #အာဆင်နယ် #တိုမီယာဆု #ပရီးမီးယားလိဂ်