ရှေ့သို့
Image

ယမန်နေ့ညက ပွဲအပြီး နယူးကာဆယ်ကစားသမားတွေနဲ့ အချင်းများခဲ့တဲ့ အဲဗာတန်ဂိုးသမား ပစ်ဖို့

9:56 AM, 8 December

ယနေ့နံနက်အစောပိုင်းက နယူးကာဆယ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အဲဗာတန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဟာ နယူးကာဆယ်ကစားသမားတွေနဲ့ အချင်းများခဲ့ပြီး ရုန့်ရင်းဆန်ခတ်အခြေအနေတွေဖြစ်ပွားခဲ့ပါတယ်။

ယခုနိုင်ပွဲကြောင့် အဲဗာတန်ဟာ တန်ဆင်းဇုန်မှ ရုန်းထွက်နိုင်ခဲ့ပြီး အဆင့် ၁၈ နေရာ လူတန်တောင်းကို ၁ မှတ်ဖြတ်ကာ အဆင့် ၁၇ နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ အဲဗာတန်အတွက် သွင်းဂိုးတွေကို ဒုတိယပိုင်းမှာ မက်နေး၊ အဒူလာရေးနဲ့ဘီတို တို့ကသွင်းယူပေးခဲ့တာဖြစ်ပြီး အိမ်ကွင်း ဂူဆင်ပါ့ခ်မှာ အနိုင် ၃ မှတ် စုဆောင်းနိုင်ခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ပွဲအပြီးမှာတော့ ပစ်ဖို့ဟာ အောင်ပွဲခံနိုင်ခြင်းမရှိဘဲ နယူးကာဆယ် ကစားသမားတွေဖြစ်တဲ့ ဂျိုလင်တန်၊ ဘရူနိုဂူမာရေးစ်တို့နဲ့ ပြဿနာစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ထို့နောက်မှာတော့ နှစ်ဖက်ကစားသမားတွေဟာ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ကြပြီး လုံခြုံရေးတွေလည်း အများအပြားရောက်ရှိလာကြပါတယ်။

ဒေါသထွက်နေတဲ့ဂျိုလင်တန်ကို လုံခြုံရေးတွေကထိန်းသိမ်းခဲ့ရပြီး ပစ်ခ်ဖို့ကိုတော့ အဲဗာတန်အသင်းဖော်တွေက ခေါ်ဆောင်သွားခဲ့ကြတာဖြစ်ပါတယ်။ အသင်းဖော်တွေ ရောက်မလာခင်မှာ ပစ်ဖို့ဟာ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေကို အသုံးပြုပြီး နယူးကာဆယ်ကစားသမားတွေကို ပြောဆိုခဲ့ပုံပေါ်ပါတယ်။

နှစ်ဖက်ကစားသမားတွေအကြားမှာ တင်းမာမှုတွေလည်း ရှိနေခဲ့တာဖြစ်ပါတယ်။ ကွင်းထဲရှိ ပရိသတ်တွေက ပစ်ခ်ဖို့ဟာ နယူးကာဆယ်ဘက်သို့ ဂိုးသွင်းယူပြီးနောက်မှာ လွန်လွန်ကြူးကြူးအောင်ပွဲခံခဲ့တာကြောင့် အခုလို ပြဿနာဖြစ်ပွားခဲ့တယ်လို့ ဆိုကြသော်လည်း အဆိုပါလုပ်ရပ်ဟာ နယူးကာဆယ်ကစားသမားတွေကို အနှောင့်အယှက်ဖြစ်စေတဲ့ လုပ်ရပ်ဟုတ်မဟုတ်မသေချာပါဘူး။

ဘယ်လိုပြဿနာတွေပဲရှိခဲ့ရှိခဲ့ ယခုအခါမှာတော့ အဲဗာတန်အသင်းဟာ ရမှတ် ၃ မှတ်စုဆောင်းပြီး အိမ်ကွင်းပရိသတ်တွေကို ကျေနပ်စေခဲ့ပါတယ်။ တကယ်လို့ အဲဗာတန်သာ ဘဏ္ဍာရေးစည်းမျဉ်တွေကြောင့် ရမှတ် ၁၀ မှတ်လျှော့ချခံရခြင်းမရှိပါ ယခုအပတ်မှာယှဉ်ပြိုင်ကစားမယ့် အမှတ်ပေးဇယား အဆင့် ၁၀ နေရာက ချဲလ်ဆီးအသင်းရဲ့ အပေါ်မှာရှိနေမှာဖြစ်ပါတယ်။

#အဲဗာတန် #နယူးကာဆယ် #ပစ်ဖို့ဒ် #ပရီးမီးယားလိဂ်