ရှေ့သို့
Image

လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်း ချန်ပီယံဆုကာကွယ်ရမယ့် ကိုပါအမေရိကအုပ်စုအဆင့် မဲခွဲမှုရလဒ်များ

9:33 AM, 8 December

ယနေ့နံနက်ပိုင်း ကိုပါအမေရိကအုပ်စုအဆင့်မဲခွဲမှုပြုလုပ်ခဲ့ရာမှာ လက်ရှိချန်ပီယံအာဂျင်တီးနားအသင်းက ပီရူး၊ ချီလီ၊ ကနေဒါ(သို့)ထရီနီဒက်အသင်းတွေနဲ့ တအုပ်စုတည်းကျရောက်လျက်ရှိနေပါတယ်။ ကနေဒါအသင်းဟာ ကွန်ကာကက်ဖ် ပလေးအော့ဖ်ပွဲစဉ်အဖြစ် မတ်လ၂၃ရက်နေ့မှာ ထရီနီဒက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ၂၀၂၁ခုနှစ်က ဗိုလ်လုပွဲမှာ ဘရာဇီးကို ၁-၀ဂိုးနဲ့ အနိုင်ရပြီး ကိုပါအမေရိကဖလားကို ဆွတ်ခူးထားခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ပြုလုပ်မယ့် ပြိုင်ပွဲအတွင်း  အာဂျင်တီးနားက ပထမဆုံးပွဲစဉ်အဖြစ် ချီလီနဲ့ ဇွန်လ၂၅ရက်နေ့ နယူးဂျာစီပြည်နယ်က Metlifeကွင်းထဲမှာ ကစားသွားမယ်လို့ သိရပါတယ်။

အုပ်စုBမှာတော့ မက္ကဆီကို၊ အီကွေဒေါ၊ ဗင်နီဇွဲလားနဲ့ ဂျမေကာတို့ ပါဝင်ပါတယ်။ အုပ်စုCမှာ အမေရိကန်၊ ဥရုဂွေး၊ ပနားမားနဲ့ ဘိုလီဗီးယားတို့ ပါဝင်နေတဲ့အတွက် အသင်းကြီးနှစ်သင်းအတွက် ပွဲချောင်တယ်လို့ ဆိုရမှာပါ။

အုပ်စုDမှာ ဘရာဇီး၊ ကိုလံဘီယာ၊ ပါရာဂွေး အပြင် ဟွန်ဒူးရပ်စ် ဒါမှမဟုတ် ကော်စတာရီကာတို့ ပါဝင်နေတဲ့အတွက် အုပ်စုအနည်းကျပ်မယ်လို့ သုံးသပ်ရပါတယ်။ CONMEBOLဟာ ၁၉၉၃ခုနှစ်ကနေ စတင်ပြီး ကိုပါအမေရိကပြိုင်ပွဲအတွက် အခြားတိုက်ကြီးတွေက အသင်းနှစ်သင်းကို ဖိတ်ခေါ်ကစားလျက်ရှိနေပါတယ်။

#ကိုပါအေမရိက #အာဂျင်တီးနား