ရှေ့သို့
Image

ဆေးသုံးစွဲမှုကြောင့် ဘောလုံးလောကကနေ ၄ နှစ်ပိတ်ပင်ခံရဖွယ်ရှိနေတဲ့ ပေါ့ဂ်ဘာ

8:20 AM, 8 December

ဂျူဗင်တပ်စ်ကွင်းလယ်လူ ပေါ့ဂ်ဘာတစ်ယောက် ဆေးစစ်မှုမှာ ဆေးသုံးစွဲခဲ့တယ်လို့တွေ့ရှိရတာကြောင့် စုံစမ်းစစ်ဆေးခံနေရပြီး ၄ နှစ်ပွဲပယ်ခံရနိုင်တယ်လို့ သိရပါတယ်။ ပြင်သစ်သားဟာ သြဂုတ်လ ၂၀ ရက်နေ့တုန်းက အူဒီးနီးစ်နဲ့ပွဲမှာ ဆေးသုံးခဲ့တယ်လို့ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ဟော်မုန်းစစ်ဆေးမှုအဆင့်ဆင့်မှာ ပေါ့ဂ်ဘာတစ်ယောက် ဆေးသုံးခဲ့တယ်ဆိုတဲ့လက္ခဏာပြသခဲ့တာဖြစ်ပါတယ်။ ဆေးသုံးစွဲမှုတားမြစ်ရေး ရုံးချုပ်ကတော့ ပေါ့ဂ်ဘာရဲ့အခြေအနေကို လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်နေတာဖြစ်ပါတယ်။

သတင်းတွေအရ ပေါ့ဂ်ဘာရဲ့ပြစ်မှုဟာ ၄ နှစ်လောက်အထိ ပွဲပယ်ခံရနိုင်တယ်လို့ သိရပါတယ်။ ကနဦးစစ်ဆေးချက်တွေ ထွက်ပေါ်လာပြီးနောက် ပေါ့ဂ်ဘာဟာ ဘောလုံးကစားချင်းကနေ ပိတ်ပင်ခံခဲ့ရတာဖြစ်ပြီး ၂၀၂၃ - ၂၄ ရာသီကို ကန်ခွင့်ရတော့မှာမဟုတ်တာဖြစ်ပါတယ်။

ကစားသမားကိုယ်တိုင်ကတော့ တစ်ဦးတည်းသီးသန့်ကြံ့ခိုင်မှုတွေလုပ်ဆောင်နေပြီး ပွဲကစားဖို့အသင့်ဖြစ်နေအောင် ကြိုးပမ်းနေတာဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ကစားသမားဟာ သူ့ရဲ့ရှေ့နေတွေနဲ့လက်တွဲလုပ်ဆောင်နေပြီး ပြစ်မှုအတွက် ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေပါတယ်။

တကယ်လို့ ပွဲပယ်ခံခဲ့ရမယ်ဆိုရင် ဂျူဗင်တပ်စ်အတွက် ခေါင်းခဲစရာဖြစ်လာနိုင်ပြီး စာချုပ်သက်တမ်းက ၂၀၂၆ အထိ ကျန်ရှိနေတာဖြစ်ပါတယ်။

#စီးရီးအေ #ဂျူဗင်တပ်စ် #ပေါ့ဂ်ဘာ