ရှေ့သို့
Image

အကောင်းဆုံးလုပ်ဆောင်ခဲ့ပြီး ဒီဇင်ဘာပွဲကျပ်ကာလကို စောင့်မျှော်နိုင်ပြီလို့ ဖွင့်ဟပြောဆိုလိုက်တဲ့ ဗန်ဒိုက်

2:23 PM, 7 December

ဒီနေ့မနက်ပိုင်း၊ ဘရာမောလ်လိန်းကွင်းမှာ ရှက်ဖီးလ်ယူနိုက်တက်ကို နှစ်ဂိုးပြတ် အဖိုးတန်နိုင်ပွဲ ရယူပြီးနောက် ဗန်ဒိုက်ကတော့ အကောင်းမြင်စိတ်အပြည့်ဖြင့် အနာဂတ်ကို စောင့်မျှော်နေခဲ့ပါတယ်။

အခုပွဲစဉ်၊ ပထမပိုင်းပွဲချိန်နှောင်းပိုင်းမှာ အာနိုးလ်ရဲ့ထောင့်ကန်ဘောပေးပို့မှုမှတဆင့် လီဗာပူးကပ္ပတိန်က အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယပိုင်းပွဲချိန်အပြီး နာကျင်အချိန်ပိုမှာ လူစားဝင်ကစားသမား ဒါဝင်နူနက်ဇ်ရဲ့တိကျသေသပ်တဲ့ ဖန်တီးပေးမှုကို ဆိုဘိုဆလိုင်းက အပိုင်ကန်သွင်းကာ လီဗာပူးရဲ့အနိုင်ရလဒ်ကို ပြတ်သားစေခဲ့ပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ယာဂန်ကလော့ပ်ရဲ့အသင်းဟာ အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်ကို နှစ်မှတ်အကွာဖြင့် အနီးကပ်ဖိအားပေးနိုင်နေဆဲ ဖြစ်ပါတယ်။ ဗန်ဒိုက်ကတော့ အပေါင်းလက္ခဏာဆောင်တဲ့ အခုအရှိန်အဟုန်ကို ဆက်ထိန်းထားနိုင်ရေး သူ့ရဲ့မျှော်လင့်ချက်အကြောင်း အခုလိုဖွင့်ပြောလာပါတယ်။

ဒီနေ့မနက်ပိုင်း အဝေးကွင်းနိုင်ပွဲအပြီး ဗန်ဒိုက်က “အမှန်ပါပဲ၊ အခုဘောလုံးရာသီကလပ်အသင်း အတွက် ကိုယ့်ရဲ့ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာက အရမ်းအရေးကြီးပါတယ်။ တန်ဖိုးကြီးလှတဲ့ အနိုင်သုံးမှတ်၊ Clean Sheet တစ်ခုနဲ့အတူ ကျွန်တော်တို့က လာမယ့်စနေနေ့၊ ခရစ္စတယ်ပဲလေ့စ်နဲ့  ရင်ဆိုင်ရမယ့် နောက်ထပ်ပွဲကြီးပွဲကောင်းအတွက် ကျွန်တော်တို့ ပြင်ဆင်နိုင်ပါပြီ။ ရှက်ဖီးလ်ယူနိုက်တက်ရဲ့ လတ်တလောနည်းပြအပြောင်းအလဲက သူတို့အသင်းနဲ့ သူတို့ပရိသတ်တွေအတွက် နည်းနည်းလေးအားတက်စရာဖြစ်ခဲ့ပေမယ့် အရိုးသားဆုံးပြောရရင် ကျွန်တော်တို့ကလည်း အကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အချို့ဧရိယာတွေမှာ ဘောလုံးဆုံးရှုံးသွားမယ်ဆိုရင် ကောင်တာပေါက်နိုင်တယ်ဆိုတာ သိထားခဲ့ပေမယ့် ကျွန်တော်တို့ အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်ကစားပုံက အရမ်းကြမ်းတမ်းလွန်းတယ်လို့ ကျွန်တော် မယူဆမိပေမယ့် သေချာပေါက်နိုင်ပွဲရယူဖို့ လိုအပ်နေခဲ့ပါတယ်။ ဒါကြောင့် ဒီနိုင်ပွဲက ဒီနေ့အတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ကျွန်တော် ယူဆမိပါတယ်”

“ကလယ်ဟာအတွက်လည်း Clean Sheet ရယူနိုင်ခဲ့လို့ ဝမ်းသာမိပါတယ်။ ကျွန်တော့်အမြင်မှာတော့ ကမ္ဘာ့အဆင့်ဂိုးသမားတစ်ဦးပါ။ အခုလို ရလဒ်ကို ရယူနိုင်ခဲ့တာ ကောင်းပါတယ်။ (အသင်းရဲ့အခုရာသီခြေစွမ်းပိုင်းနဲ့ တိုးတက်မှုအပေါ်) နားထောင်ပါ၊ အခု ကျွန်တော်တို့ ဒီဇင်ဘာလကို ဖြတ်သန်းနေပြီး ပွဲတွေအများကြီးကစားရဖို့ ရှိနေပါသေးတယ်။ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့တွေ မာတစ်ကို လက်လွှတ်ထားရပြီး ဒီအတွက်ကြောင့် ကျွန်တော်တို့အားလုံး စိတ်မကောင်းဖြစ်ရပါတယ်။ ဒါလည်း လက္ခဏာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ဘောလုံးကမ္ဘာမှာ ဒဏ်ရာပြဿနာတွေ အများကြီးရှိနေပြီး ကျွန်တော်တို့အားလုံး သေချာဂရုစိုက်စောင့်ကြည့်ဖို့ လိုအပ်နေတဲ့ အရာဖြစ်ပါတယ်။ လက်ရှိမှာ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ဒီဇင်ဘာကာလစတင်မှုတစ်ခု ရှိနေပါပြီ။ ကျွန်တော်တို့တွေ ပွဲတွေအများကြီး ကစားရပါဦးမယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီပွဲစဉ်တွေကိုပဲ စောင့်မျှော်နေသင့်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီပွဲစဉ်တွေကို တစ်ခုချင်းစီပဲ စောင့်မျှော်နေပါတယ်။ ကျွန်တော်တို့အတွက် အသင်းလူစာရင်းတစ်ခုလုံး လိုအပ်နေပါတယ်။ လောလောဆယ် ကျွန်တော်တို့မှာရှိနေတဲ့ အရာကိုသိဖို့နဲ့ ဒဏ်ရာမှပြန်လာမယ့်ကစားသမားတွေကလည်း အောင်မြင်မှုရရှိနိုင်ရေးခရီးစဉ်မှာ အထောက်အကူဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”လို့ ပြောပါတယ်။

#လီဗာပူး #ဗန်ဒိုက် #ပရီးမီးယားလိဂ်