ရှေ့သို့
Image

ဘောင်းဘီကျွတ်ပြီး ဂိုးဖန်တီးပေးခဲ့တဲ့ အာနိုးလ် လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားနေ

11:12 AM, 7 December

မနေ့ညက ကစားခဲ့တဲ့ ရှက်ဖီးလ်ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူးက ၂-၀ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးအတွက် ဗန်ဒိုက်၊ ဆိုဘို့ဆလိုင်းတို့က ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။

လီဗာပူးအတွက်ကတော့ ပြိုင်ပွဲစုံမှာ ဆက်တိုက် နိုင်ပွဲဆက်နေခဲ့တာဖြစ်ပြီး အခု နည်းပြသစ်နဲ့ ပွဲထွက်လာတဲ့ ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာလည်း သက်သောင့်သက်သာ နိုင်ပွဲရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ လီဗာပူးရဲ့ နိုင်ပွဲထက် အာနိုးလ်ရဲ့ ဂိုးဖန်တီးပုံက ပြောစရာဖြစ်နေပါတယ်။

ဗန်ဒိုက်ရရှိသွားတဲ့ ဂိုးအတွက် အာနိုးလ်က ထောင့်ကန်ဘောကို ကန်တင်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီထောင့်ကန်ဘော မကန်ခင်မှာ အာနိုးလ်တစ်ယောက် တင်ပါးက တော်တော်လေးကို ပေါ်နေခဲ့ပြီး ပရိသတ်တွေကတော့ ဒီဖြစ်ရပ်ကို သဘောကျနေကြပါတယ်။

ပရိသတ်တွေက “အာနိုးလ်က သူ့ရဲ့တင်ပါးကိုဖော်ပြီး ဂိုးဖန်တီးနိုင်ခဲ့တာပဲ။ တော်တော်လေးကို လုပ်နိုင်တဲလူပါ”  “ငါအံ့သြတာက အာနိုးလ်တစ်ယောက် ဘာလို့ သူ့တင်ပါးနဲ့ အနှုတ် (၂) ဒီဂရီလောက်ရှိနေတဲ့ ရာသီဥတုကို မခံစားနိုင်ခဲ့တာလဲ” လို့ အမျိုးမျိုး နောက်ပြောင်ကာ မှတ်ချက်ပေးခဲ့ပါတယ်။

အာနိုးလ်ဟာ ဖူလ်ဟမ်ကို အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း အသင်းအတွက် လှပတဲ့ သွင်းဂိုးတွေ သွင်းယူပေးနိုင်ခဲ့ပါတယ်။ လီဗာပူးဟာ ရှက်ဖီးလ်ယူနိုက်တက်ကို အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယား ဒုတိယနေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ တစ်မှတ်အကွာမှာ ရပ်တည်နေပါတယ်။

#လီဗာပူး #အာနိုးလ် #ရှက်ဖီးလ်ယူနိုက်တက် #ပရီးမီးယားလိဂ်