ရှေ့သို့
Image

ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့မှုအတွက် ပွဲပန်းနေခြင်းအပေါ် အပြစ်တင်ခဲ့တဲ့ ပိုချက်တီနို

10:00 AM, 7 December

ချဲလ်ဆီးနည်းပြပိုချက်တီနိုက ယနေ့နံနက် ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ခြင်းဟာ ပွဲပန်းနေမှုကြောင့်ဖြစ်နိုင်တယ်ဆိုပြီး အပြစ်တင်သွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒီနှစ်ရာသီ အသင်းကြီးတွေကို ဒုက္ခပေးနိုင်ခဲ့ပေမယ့် အိုးထရက်ဖို့ဒ်မှာတော့ ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပါတယ်။

ပွဲအပြီးမှာ ပိုချက်တီနိုက"သူတို့အသင်းဟာ ထိုက်ထိုက်တန်တန် အနိုင်ရသွားခဲ့ပါတယ်။ ပွဲအစပိုင်းမှာသူတို့အသင်းရဲ့ အရှိန်မြှင့် ကစားပုံကြောင့် ကျွန်တော်တို့ဟာ အခက်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ဟာ တနင်္ဂနွေနေ့မှာ ကစားခဲ့ရတာကြောင့် သူတို့ထက်ပိုပြီး ပြင်ဆင်ချိန် တစ်ရက်လျော့ခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဒီနေ့ပွဲမှာ လုံလောက်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်"

"ဒုတိယပိုင်းမှာ ကစားပုံ ပိုပြီးကောင်းလာခဲ့ပေမယ့် ဦးဆောင်ဂိုး ထပ်ပြီးပေးလိုက်ရတာကြောင့် အခက်တွေ့ခဲ့ရပါတယ်။ အသင်းရဲ့အဆင့်အတန်း ပိုပြီးမြင့်မားလာဖို့ ဒဏ်ရာရနေတဲ့ ကစားသမားတွေ ပြန်ပြီးကောင်းမွန်လာဖို့ လိုအပ်လာပါပြီ။ မကြာခင်မှာ ပွဲစဥ်တွေအများကြီး ကစားရတော့မှာ ဖြစ်တာကြောင့် ကစားသမားတွေရဲ့ ကူညီမှုတွေ ရရှိဖို့ လိုအပ်လာပါတယ်။ ဒါ့အပြင် အသင်းရဲ့  ကစားသမား အစုံအလင်နဲ့ အသင်းမှာ လိုအပ်နေတဲ့ ဖြေရှင်းမှုတွေ ပြုလုပ်ပြီး ဒီထက်ပို တိုးတက်၊ ကောင်းမွန်သွားအောင် ကြိုးစားသွားရမှာပါ"လို့ ပြောခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ တနင်္ဂနွေနေ့ညမှာ အဲဗာတန်နဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #ပိုချက်တီနို #ပရီးမီးယားလိဂ်