ရှေ့သို့
Image

ပေါင်ဒဏ်ရာကြောင့် ၄ ပတ်ကနေ ၆ ပတ်လောက်အထိ အနားယူရတော့မယ့် တိုမီယာဆု

9:52 AM, 7 December

အာဆင်နယ်နောက်ခံလူ တိုမီယာဆုတစ်ယောက် ပေါင်ဒဏ်ရာကြောင့် ၄ ပတ်ကနေ ၆ ပတ်လောက်အထိ အနားယူရတော့မှာဖြစ်ပါတယ်။ ဂျပန်သားဟာ ဝုဗ်အသင်းကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

အာတီတာကတော့ ပွဲအပြီးမှာ “သူတစ်စုံတစ်ခုခံစားနေရပါတယ်။ အဲ့တာက မောပန်းတာလားဆိုတာ ကျွန်တော်မသိပါဘူး။ သူ့ကိုအလျင်စလိုဆက်မသုံးဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာပါ။ ဆက်လက်စောင့်ကြည့်ပြီး အခြေအနေဘယ်လိုလဲဆိုတာ ကြည့်ရဦးမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လူတန်တောင်းကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာတော့ အာတီတာက တိုမီယာဆုရဲ့ဒဏ်ရာအခြေအနေဟာ ဆိုးဝါးခဲ့ပြီး အချိန်ကာလတစ်ခုအထိ နားရမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ စစ်ဆေးတဲ့အဖြေရပါပြီ။ အဲ့တာက သတင်းကောင်းတော့မဟုတ်ပါဘူး။ သူ့ရဲ့ပေါင်မှာ ဒဏ်ရာရခဲ့တာပါ။ သူအချိန်တစ်ခုလောက်တော့ နားရမှာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ သတင်းတွေအရ တိုမီယာဆုတစ်ယောက် ၂၀၂၃ မှာ ပြန်မလာနိုင်တော့ဘူးလို့ သိရပါတယ်။ “ဒဏ်ရာ ရခဲ့တာကြောင့် ကျွန်တော်ဖျားတောင်ဖျားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီအခွင့်အရေးကနေ အသန်မာဆုံးပြန်လာအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့ ဂျပန်သားက အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။

တိုမီယာဆုဒဏ်ရာအခြေအနေကြောင့် နောက်တန်းမှာ ဘင်ဝှိုက် ၊ ဇင်ချန်ကို ၊ ဆာလီဘာ ၊ ခီဗီယောနဲ့ ဆစ်ဒရစ်တို့သာ ကျန်တော့တာဖြစ်ပါတယ်။

#အာဆင်နယ် #ဝုဗ် #တိုမီယာဆု #ပရီးမီးယားလိဂ်