ရှေ့သို့
Image

ဒီကလန်ရိုက်စ်ရဲ့နောက်ကျသွင်းဂိုး အောင်ပွဲခံနေတဲ့ပို့စ်ကို ဖျက်လိုက်ပြီဖြစ်တဲ့ အိုင်ဗန်တိုနေး

9:47 AM, 7 December

ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးတစ်ယောက် မနေ့ညက လူတန်တောင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဒီကလန်ရိုက်စ်ရဲ့နောက်ကျသွင်းဂိုးအောင်ပွဲခံနေတဲ့ပို့စ်ကို ဖျက်လိုက်ဖြစ်ကာ အာဆင်နယ်ပရိသတ်တွေကို စနောက်ခဲ့တာဖြစ်ပါတယ်။

တိုနေးဟာ အာဆင်နယ်အသင်းရဲ့နိုင်ပွဲကို ကြည့်ရှုနေတယ်ဆိုတဲ့ပို့စ်ကို တင်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် အင်စတာဂရမ်က “ဒီကလန်ရိုက်စ် ၊ ဘယ်လောက်တောင်ကောင်းတဲ့ပွဲလဲ”ဆိုပြီး တင်ခဲ့ပေမယ့် အခုချိန်မှာတော့ ပြန်ဖျက်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်သားဟာ လာမယ့်ဇန်နဝါရီမှာ အာဆင်နယ်ကိုပြောင်းမယ်လို့ သတင်းတွေကြီးနေပြီး လောင်းကစားအမှုကြောင့် လက်ရှိအချိန်မှာ ၈ လ ပွဲပယ်ခံနေရတာဖြစ်ပါတယ်။ ဒါပေမယ့် တိုနေးဟာ ၂၀၂၂ - ၂၃ ပရီးမီးယားလိဂ်ရာသီတုန်းက ၂၀ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး လာမယ့်ဇန်နဝါရီ ၁၇ မှာ ပြန်ကစားနိုင်မှာဖြစ်ပါတယ်။

အီယန်ရိုက်ကတော့ အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ချင်တယ်ဆိုရင် တိုနေးကိုခေါ်ယူသင့်တယ်လို့ ထောက်ခံခဲ့ပါတယ်။ “ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်တို့ဂိုးတွေကွာခြားခဲ့ပါတယ်။ အဲ့တာက သေချာတဲ့နေရာတစ်ခုဆီ ခေါ်ဆောင်သွားပါတယ်။ တိုနေးလိုကစားသမားမျိုး ကျွန်တော်တို့ လိုအပ်ပါတယ်။
ဒါကလည်း သူ့လိုဂိုးအများကြီး သွင်းနိုင်တဲ့သူမျိုးတိုက်စစ်မှာ လိုအပ်နေတာကြောင့်ပါ။ ခင်ဗျားတို့အနေနဲ့ အန်ကီတီးယား ဒါမှမဟုတ် ဂျီးဆပ်စ်တို့ရှိနေတာလို့ပြောပါလိမ့်မယ်။ ဒါပေမယ့် တော့တင်ဟမ်နဲ့ပွဲတုန်းကဆိုရင် ဂျီးဆပ်စ်အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဒီလိုအခွင့်အရေးတွေကို အသုံးချနိုင်မယ့် ကစားသမားမျိုး လိုအပ်ပါတယ်။ ရလာတဲ့အခွင့်အရေးကိုအသုံးမချရင် ခင်ဗျားအနေနဲ့ အနိုင်ရဖို့ခက်ခဲသွားနိုင်ပါတယ်။ တိုနေးက ဒီလိုဖြစ်မယ့်သူမျိုးမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်အတွက် သူကအာဆင်နယ်ရဲ့နောက်ဆုံး လိုအပ်နေတဲ့အပိုင်းအစလို့ မြင်တာကြောင့်ပါ။ သူသာ အာဆင်နယ်ကို ရောက်လာခဲ့ရင် လုံးဝကိုပြီးပြည့်စုံသွားမှာပါ”လို့ အီယန်ရိုက်စ်က ပြောကြားခဲ့ပါတယ်။

#ဘရန့်ဖို့ဒ် #ဒီကလန် ရိုက်စ် #ပရီးမီးယားလိဂ် #တိုနေး #လူတန်တောင်း