ရှေ့သို့
Image

ချန်ပီယံဆုနဲ့ ပတ်သက်ပြီး ဂွါဒီယိုလာရဲ့ပြောကြားချက်ကို အာတီတာ တုံ့ပြန်

9:40 AM, 7 December

မန်စီးတီးနည်းပြ ဂွါဒီယိုလာက မိမိတို့အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို နောက်တစ်ကြိမ်ရယူမယ်လို့ ကြေညာခဲ့ပြီးနောက် အာဆင်နယ်နည်းပြ အာတီတာက သူ့အနေနဲ့တစ်ပွဲချင်းစီကို အာရုံစိုက်ထားတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာ မနေ့ညတုန်းက လူတန်တောင်းအသင်းကို ခက်ခက်ခဲခဲကစားခဲ့ရပြီး ဒီကလန်ရိုက်စ်ရဲ့ နောက်ကျသွင်းဂိုးနဲ့အတူ အနိုင်ယူနိုင်ခဲ့ကာ အမှတ်ပေးဇယားကို ၅ မှတ်ဖြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။ စီးတီးအသင်းဟာ အခုညနေခင်းမှာ ပြန်လည်တုံ့ပြန်ရမှာဖြစ်ပေမယ့် ဗီလာအသင်းအိမ်ကွင်းမှာ သွားကန်ရမှာဖြစ်တဲ့အပြင် ရိုဒရီနဲ့ ဂရီးလစ်ချ်တို့ ပွဲပယ်ခံထားရတာဖြစ်ပါတယ်။

လီဗာပူးအသင်းကတော့ ပြီးခဲ့တဲ့အပတ်တုန်းက ဖူလ်ဟမ်ကိုအနိုင်ယူထားခဲ့ကာ ဂွါဒီယိုလာက မိမိတို့အသင်းဟာ ၄ နှစ်ဆက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဗီလာနဲ့ပွဲမတိုင်ခင် သတင်းစာရှင်းပွဲမှာ ဂွါဒီယိုလာက  “ကျွန်တော် ဒီလိုအခြေအနေကို ဘယ်တုန်းကမှအသုံးမချပါဘူး။ စိတ်ဓာတ်ခွန်အားက ကျွန်တော်တို့ပိုကောင်းအောင်ပဲ ကြိုးစားပါတယ်။ ကျွန်တော့်လက်ရှိခံစားချက်က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ပါ။ ၃ ပွဲဆက်သရေကျခဲ့ပြီးနောက် လူတွေက ကျွန်တော်ပြောတာကို မယုံတော့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ နောက်တစ်ကြိမ်လုပ်သွားမှာပါ။ မလွယ်ကူဘူးဆိုတာသိသလို ဘယ်အသင်းမှလည်း မလုပ်နိုင်သေးပါဘူး။ ဒါကြောင့် ခက်ခဲနိုင်တယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ နောက်တစ်ကြိမ် လုပ်ဆောင်သွားမှာပါ”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာရဲ့ပြောကြားချက်ကို အာတီတာက ပြန်လည်တုံ့ပြန်မယ့်အစား “ဒီနေ့ညနိုင်ပွဲအတွက် ကျွန်တော်တို့ အရမ်းပျော်နေပါတယ်။ ကျွန်တော့်ကစားသမားတွေ အတွက် အရမ်းဂုဏ်ယူမိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

#မန်စီးတီး #အာတီတာ #အာဆင်နယ် #ဂွါဒီယိုလာ #ပရီးမီးယားလိဂ်