ရှေ့သို့
Image

အာဆင်နယ်နှင့် လီဗာပူးတို့က စိတ်ဝင်စားနေသော်လည်း အက်စ်တွန်ဗီလာမှာသာ ဆက်နေမယ့် ဒေါက်ကလက်စ်လူးဝစ်ဇ်

1:26 PM, 6 December

လက်ရှိရာသီမှာ ဘရာဇီးနိုင်ငံသားဟာ ဗီလာအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး နည်းပြအမ်မရီရဲ့လက်အောက်မှာ အဆင့်တစ်ခုသလို့ ရောက်ရှိနေတာဖြစ်ပါတယ်။

အမ်မရီကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး မကြာမီအချိန် ပြီးခဲ့တဲ့ဇန်နဝါရီတုန်းက လူးဝစ်ဇ်ဟာ အသင်းကနေ ထွက်ခွာဖို့ရှိခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၅နှစ်အရွယ် ကစားသမားအတွက် အာဆင်နယ်က ၃ ကြိမ် ကမ်းလှမ်းခဲ့သော်လည်း ဗီလာက လက်လွှတ်ခြင်းမရှိခဲ့ကာ နောက်ဆုံးမှာတော့ လူးဝစ်ဟာ ကလပ်နှင့် စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။

လူးဝစ်ဇ်ကို ခေါ်ယူရေးအတွက် ဂန်နာတွေဟာ လက်လျော့ခြင်းမရှိသော်လည်း စာချုပ်သစ် ချုပ်ဆိုခဲ့ခြင်းနှင့် လက်ရှိရာသီမှာ ခြေစွမ်းပြသခြင်းတွေကြောင့် ကစားသမားရဲ့တန်ကြေးကတစ်ဟုန်ထိုးမြင့်တက်သွားခဲ့ပါတယ်။ ကလော့ပ်ဟာ သူ့ရဲ့ကွင်းလယ်ကို အင်အားဖြည့်တင်းလိုနေတာကြောင့် လီဗာပူးကလည်း လူးဝစ်ကို အလားတူ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ကောလာဟလတွေ အမျိုးမျိုးထွက်နေသော်လည်း လူးဝစ်ဇ်ကတော့ ဗီလာမှာသာ ဆက်နေလိုကြောင်း ဝန်ခံထားပါတယ်။ "ဒီအကြောင်းတွေကြားရတော့ ပျော်မိသော်လည်း ကျွန်တော်က အက်စ်တွန်ဗီလာမှာသာ ရှိနေမှာပါ" "ကျွန်တော်ရဲ့ အာရုံစိုက်မှုအားလုံးက ဒီမှာပါပဲ။ အားလုံးရဲ့ ပြောကြားမှုတွေကိုနားထောင်ဖို့ ကျွန်တော့်မှာ အချိန်တွေ အများကြီးမရှိပါဘူး။ ဒါတွေကိုကြားနေရသော်လည်း အာရုံမစိုက်မိပါဘူး။ ကျွန်တော့်ရဲ့ အတွေးတွေက ဗီလာမှာရှိပါတယ်" "အရိုးသားဆုံး ပြောရရင် အမ်မရီက တကယ်ကိုကောင်းတဲ့ နည်းပြပါ။ ဒီကို သူရောက်လာကတည်းက ကလပ်ရဲ့သမိုင်းကြောင်းကို ပြောင်းလဲခဲ့တာပါ။ အင်္ဂလန်မှာ ဗီလာက ကလပ်ကြီးတစ်ခုဖြစ်သော်လည်း ကောင်းမွန်မှုတွေမရှိခဲ့တာပါ။ ဒါကို အမ်မရီက ပြောင်းလဲခဲ့တာပါ။ အခုတော့ အားလုံးက ကလပ်နဲ့ကစားသမားတွေကို ပိုပြီးလေးစားလာကြပါပြီ" "ကျွန်တော်ရဲ့ကစားသမားဘဝ အကောင်းဆုံး အချိန်သို့ ရောက်နေပြီလို့ ထင်ပါတယ်၊ နည်းပြကလည်း ကျွန်တော့်ဆီက အများကြီး တောင်းဆိုထားပြီး သူကလည်း ကျွန်တော့်ကို အများကြီးကူညီခဲ့တယ်လို့ ယုံကြည်ပါတယ်။ ဆက်လက်ကြိုးစားလုပ်ဆောင်ဖို့အတွက်က ကျွန်တော်က အရင်ကထက်ကို ပျော်ရွင်နေပါပြီ"လို့ လူးဝစ်က ပြောပါတယ်။

#လီဗာပူး #အာဆင်နယ် #အက်စတွန်ဗီလာ #လူးဝစ်ဇ် #ပရီးမီးယားလိဂ်