ရှေ့သို့
Image

တိုမီယာဆုအနေနဲ့ အချိန်အနည်းငယ်လောက်နားရမယ်လို့ အာတီတာ အတည်ပြု

10:47 AM, 6 December

အာဆင်နယ်နည်းပြ အာတီတာက တိုမီယာဆုတစ်ယောက် ပေါင်ဒဏ်ရာကြောင့် အချိန်အနည်းငယ်လောက်နားရမယ်လို့ အတည်ပြုလိုက်ပါတယ်။ ပြီးခဲ့တဲ့စနေနေ့က ဝုဗ်အသင်းကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တိုမီယာဆုတစ်ယောက် ဒဏ်ရာရခဲ့တာဖြစ်ပြီး လူတန်တောင်းနဲ့ပွဲကိုပါ ဆက်လက်လွဲချော်ခဲ့ပါတယ်။

အာဆင်နယ်ဟာ လူတန်တောင်းအိမ်ကွင်းမှာ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီး ပွဲကစားချိန် ၉၇ မိနစ်မှာ ဒီကလန်ရိုက်စ်က နောက်ကျအနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ အဆိုပါရလဒ်ကြောင့် အာဆင်နယ်ဟာ အဆင့် ၁ နေရာမှာ ၅ မှတ်ဖြတ်ပြီး ဆက်လက်ဦးဆောင်နေပါတယ်။

ပွဲမတိုင်ခင် အာတီတာက တိုမီယာဆုနဲ့ပတ်သက်ပြီး “ကျွန်တော်တို့ သူ့ကိုကြိုတင်ကာကွယ်တဲ့အနေနဲ့ အနားပေးထားပါတယ်။ ဒါကြောင့် စောင့်ဆိုင်းရဦးမှာပါ။ သူက သန်မာတဲ့ကောင်လေးပါ။ မကြာခင်မှာ သူအဆင်ပြေဖို့ မျှော်လင့်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အဆိုပါပြောကြားချက်က အာဆင်နယ်ပရိသတ်တွေ အတွက် သတင်းကောင်းဖြစ်ခဲ့ပေမယ့် လူတန်တောင်းနဲ့ ပွဲမတိုင်ခင်မှာတော့ အာတီတာက သတင်းဆိုးကို အတည်ပြုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ စစ်ဆေးကြည့်ပြီးပါပြီ။ သတင်းကောင်းတော့ မဟုတ်ပါဘူး။ သူပေါင်ဒဏ်ရာ ရခဲ့တာပါ။ သူအချိန်ခနလောက်တော့ နားရပါမယ်”လို့ အာတီတာက အတည်ပြုခဲ့ပါတယ်။

ကျေးဇူးတင်ရမှာက ဦးစားပေးနောက်ခံလူ ဘင်ဝှိုက်တစ်ယောက် ကြံ့ခိုင်မှုပြည့်ဝခဲ့တာက သက်သာရာရခဲ့ပြီး လူတန်တောင်းနဲ့ ပွဲက ဒုတိယဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ ဘယ်နောက်ခံလူနေရာမှာ တင်ဘားကာလရှည်နားနေရတာကြောင့် ဇင်ချန်ကိုတစ်ဦးတည်းသာ ကျန်ရှိနေတာဖြစ်ပါတယ်။

အာတီတာဟာ လူတန်တောင်းနဲ့ပွဲမှာ ခီဗီယောကို ဘယ်နောက်ခံလူအဖြစ် စမ်းသုံးကြည့်နေတာဖြစ်ပါတယ်။ လာမယ့်စနေနေ့မှာ အာဆင်နယ်ဟာ အက်စ်တွန်ဗီလာအသင်းနဲ့ကန်ရမှာဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #တိုမီယာဆု #ပရီးမီးယားလိဂ်