နယူးကာဆယ်က ချိတ်ဆက်နေတဲ့ အာရွန်ရမ်စ်ဒေးလ်ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး အာတီတာ ထုတ်ဖော်ပြောကြား
10:53 AM, 5 December
အာဆင်နယ်နည်းပြ အာတီတာက အာရွန်ရမ်စ်ဒေးလ်တစ်ယောက် အာဆင်နယ်မှာ ဆက်ရှိနေလိမ့်မယ်လို့ အခိုင်အမာပြောကြားလိုက်ပေမယ့် ဇန်နဝါရီမှာ နယူးကာဆယ်ကိုပြောင်းဖို့ အာမမခံနိုင်ဘူးလို့ ဆိုလိုက်ပါတယ်။
ရမ်စ်ဒေးလ်ရဲ့အနာဂတ်ဟာ ပြီးခဲ့တဲ့လအနည်းငယ်ကတည်းက လှုပ်ခတ်လာခဲ့တာဖြစ်ပြီး ရာယာရောက်လာမှုနဲ့အတူ နံပါတ် ၂ ဂိုးသမားနေရာအထိ ကျဆင်းခဲ့တာဖြစ်ပါတယ်။ စပိန်သား အာဆင်နယ်ကို အငှားနဲ့ရောက်လာပြီးကတည်းက ရမ်စ်ဒေးလ်ဟာ ကာရာဘောင်ဖလားပွဲတစ်ပွဲနဲ့ ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်ပွဲတစ်ပွဲသာ ပါဝင်ခွင့်ရရှိထားခဲ့ပါတယ်။
အသက် ၂၅ နှစ်သားဟာ အဆိုပါအခြေအနေတွေကြောင့် အာဆင်နယ်ကနေထွက်ခွာဖို့ ချိတ်ဆက်နေပြီး သတင်းတွေအရ အာဆင်နယ်ကလည်း ရာယာကိုအပြီးသတ်ခေါ်ယူဖို့ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ပွဲ အပြီးမှာလည်း အာတီတာက ရမ်စ်ဒေးလ်တစ်ယောက် ပေးဂိုးမပေးခဲ့ရပေမယ့် တစ်ဦးချင်းစွမ်းဆောင်ရည်ကို ချီးကျူးဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းကလည်း နယူးကာာဆယ်ဟာ နစ်ပုပ်ဒဏ်ရာရခဲ့တာကြောင့် ယူနိုက်တက်ဂိုးသမားဟောင်း ဒီဂီယာကို ချိတ်ဆက်နေတယ်လို့ သတင်းကြီးနေပါတယ်။ အခြားတစ်ဖက်မှာလည်း ရမ်စ်ဒဲလ်က အသင်းပြောင်းဖို့ လမ်းဖွင့်ထားကာ အထူးသဖြင့် အင်္ဂလန်အသင်းရဲ့ယူရို ၂၀၂၄ လူစာရင်းမှာ ပါဝင်ချင်နေပါတယ်။
ဒါပေမယ့် အာတီတာက အင်္ဂလန်သားဟာ အာဆင်နယ်ကနေထွက်ခွာဖို့ အစီအစဉ်မရှိဘူးလို့ တနလာၤနေ့တုန်းပွဲကြိုသတင်းစာရှင်းပွဲမှာ “ကျွန်တော် အာရွန်ရမ်စ်ဒေးလ်ကို အသင်းမှာ ဆက်ရှိနေစေချင်ပါတယ်။ ကျွန်တော်တို့အသင်းမှာ အရမ်းအရမ်းကိုကောင်းလွန်းတဲ့ဂိုးသမား ၂ ဦးရှိတဲ့အတွက် အရမ်းပျော်ပါတယ်။ အာရွန်ကို ကျွန်တော်တို့နဲ့ဆက်ရှိနေစေချင်ပါတယ်။ သူက ကစားချင်နေပါတယ်။ ဘယ်ကစားသမားမဆိုအတူတူပါပဲ။ သူ အာဆင်နယ်အတွက် ကစားပေးချင်နေပါတယ်။ အဲ့တာက သူလိုချင်နေတဲ့အရာပါ။ အင်္ဂလန်အတွက်လည်း အတူတူပါပဲ။ ပွဲအပြီးတော့မဟုတ်ပေမယ့် သူ့ကိုအကောင်းဆုံးဖြစ်အောင် အင်္ဂလန်မှာကစားခွင့်ရအောင် ကျွန်တော်တို့ ကူညီချင်ပေးချင်ပါတယ်။ ကျွန်တော်တို့ ပိုကောင်းလာချင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အသင်းလူအင်အားကို ဆက်လက်ပေါင်းထည့်နေတာပါ။ အဲ့တာက ကျွန်တော်တို့ရည်မှန်းချက်ပါ။ ကျွန်တော်က ဘယ်ကစားသမားကိုမှ လုပ်ဆောင်ပေးလို့မရပါဘူး။ အာဆင်နယ်က ဘယ်ကစားသမားမဆို ဇန်နဝါရီမှာထွက်ခွာနိုင်မလားဆိုတာ ကျွန်တော်မပြောနိုင်ပါဘူး။ ဒါမှမဟုတ်လည်း သူအသင်းမှာနောက်ထပ် ၃ နှစ် ဆက်နေနိုင်ပါတယ်။ ဘယ်ကစားသမားမှ နယူးကာဆယ်ကို မသွားနိုင်ဘူးလို့ ကျွန်တော်မပြောမိပါဘူး။ ဇန်နဝါရီမှာ ဘယ်သူမှအာမခံချက်မရှိပါဘူး”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။