ရှေ့သို့
Image

နစ်ပုပ်ဒဏ်ရာ ရရှိခဲ့ပြီးနောက် ယူနိုက်တက်ဂိုးသမားဟောင်း ပစ်မှတ်ထားလာတဲ့ နယူးကာဆယ်

9:53 AM, 5 December

သတင်းတွေအရ နယူးကာဆယ်အသင်းဟာ နစ်ပုပ်ဒဏ်ရာ ရခဲ့တာကြောင့် ပထမဂိုးသမား နေရာအတွက် ဒီဂီယာကို ပစ်မှတ်ထားလာတယ်လို့ သိရပါတယ်။

စနေနေ့က ယူနိုက်တက်ကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ နစ်ပုပ်ဒဏ်ရာ ရခဲ့တာကြောင့် ဈေးကွက်ထဲမှာ ဂိုးသမားသစ် ရှာဖွေရတော့မှာဖြစ်ပါတယ်။ ယူနိုက်တက်စတား ရီဂူလွန်ရဲ့ကန်ချက်ကို နစ်ပုပ်ကာကွယ်ချိန်မှာ ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

အဆိုပါဒဏ်ရာအခြေအနေကြောင့် နစ်ပုပ်တစ်ယောက် ဆက်မကစားနိုင်တာကြောင့် ဒူဗရာကာနဲ့လူစားလဲခဲ့ရပါတယ်။ သတင်းတွေအရ နစ်ပုပ်ဟာ ပခုံးဒဏ်ရာရခဲ့တာဖြစ်ပြီး ၅ လလောက်နားရနိုင်တယ်လို့ သိရပါတယ်။ ဆိုလိုတာကအသက် ၃၁ နှစ်သားရဲ့ဘောလုံးရာသီက ပြီးဆုံးခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ နစ်ပုပ်အခြေအနေကြောင့် ယူနိုက်တက်ဂိုးသမားဟောင်း ဒီဂီယာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဒီဂီယာဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ပြီဖြစ်ကာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေပါတယ်။

အသက် ၃၃ နှစ်သားကို ရီးရဲလ်အသင်းကလည်း ကော်တိုရစ်ဒဏ်ရာ အခြေအနေကြောင့် စိတ်ဝင်စားခဲ့သေးတာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာတော့ ဒူဗရာကာအနေနဲ့ လာမယ့်ကြာသပတေးနေ့မှာ ကစားမယ့် အဲဗာတန်အသင်းနဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။

ရေရှည်အတွက်လည်း နယူးကာဆယ်အနေနဲ့ နစ်ပုပ်နေရာကို အစားထိုးဖို့ လိုအပ်နေတာဖြစ်ပြီး ဒီဂီယာကို ချိန်ရွယ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် စပိန်သားအနေနဲ့ နယူးကာဆယ်ကိုပြောင်းလာဖြစ်ရင် လစာလျော့ယူရဖွယ်ရှိနေပါတယ်။

ဒီဂီယာဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ယူနိုက်တက်ကနေ ထွက်ခခွာခဲ့တာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း စပိန်သားကို ဘိုင်ယန် နဲ့ ရီးရဲလ်တို့က ချိတ်ဆက်နေပြီး အခုချိန်မှာတော့ နယူးကာဆယ်ပါ ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။

နယူးကာဆယ်ရဲ့ပစ်မှတ်ထဲမှာ ဒီဂီယာအပြင် လီဗာပူးဂိုးသမားဟောင်း ကာရီးယက်စ်ကိုလည်း ပစ်မှတ်အဖြစ် ထည့်သွင်းထားပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီဂီယာ #နယူးကာဆယ် #နစ်ပုပ် #ပရီးမီးယားလိဂ်