ရှေ့သို့
Image

အာဆင်နယ်နောက်ခံလူ တိုမီယာဆုနှင့် ပတ်သက်ပြီး အမြင်ကို ပြောကြားလိုက်တဲ့ အန်ဒို

1:14 PM, 4 December

လီဗာပူးကွင်းလယ်ကစားသမား အန်ဒိုက သူ့ရဲ့ဂျပန်လက်ရွေးစင်အသင်းဖော် တိုမိယာဆုကို ဖန်လိုနှလုံးသားရှိတဲ့သူလို့ တင်စားပြောကြားလိုက်ပါတယ်။

အဖြေမှန်မလိုတဲ့ စဉ်းစားနည်း ၃၀ ရှိပါတယ်လို့ စာသားပါရှိတဲ့ Duel အမည်ရ သူ့ရဲ့စာအုပ်ထုတ်ဝေမှု သတင်းစာရှင်းလင်းပွဲမှာ ဒါကိုဖတ်ရှုပြီး ဘယ်အသင်းဖော်က အကျိုးအမြတ်ရရှိခဲ့သလဲလို့ အန်ဒိုက မေးမြန်းခြင်းခံခဲ့ရပါတယ်။ ဒီစာအုပ်ကို အာဆင်နယ်နောက်တန်းကစားသမား တိုမီယာဆုကို ပေးခဲ့ပြီး ဘာကြောင့်လဲဆိုတော့ သူဟာ မှန်လိုနှလုံးသားရှိတဲ့သူဖြစ်တာကြောင့်ပါလို့ လီဗာပူးကွင်းလယ်ကစားသမားက ပြန်ဖြေလိုက်ပါတယ်။

ဘာကိုဆိုလိုတာလဲလို့ The Times က မေးတဲ့အခါ တိုမီယာဆုရဲ့ ပြီးပြည့်စုံမှုက အဖြေမရှာနိုင်တဲ့မေးခွန်းကို အဖြေရှာဖို့ တွန်းအားဖြစ်စေပါတယ်လို့ အန်ဒိုက ရှင်းပြပါတယ်။ "တစ်ခါတစ်လေမှာ တိုမီယာဆုက အရမ်းကိုတွေးတောတက်သူပါ။ ဒဏ်ရာရသွားတဲ့အခါ သူက တစ်ခုခုကိုစားမိလို့လား၊ သူ့ရဲ့ကားကြောင့်လား ဆိုတော့ပေါ့။ သူဟာ အမြဲတမ်း တစ်ခုခုကို ပြောင်းလဲဖို့ တွေးတောနေတာဖြစ်ပြီး အယူသီသလိုပါပဲ" "ဒါတွေကို ကျွန်တော်နားလည်သော်လည်း လက်တွေ့မှာတော့ အများကြီး မတွေးဖြစ်ပါဘူး။ အရမ်းမတွေးနဲ့လို့ သူ့ကို ကျွန်တော် အမြဲတမ်းပြောပါတယ်။ ဒီစာအုပ်သူ့မှာရှိပြီး သူဖတ်ဖြစ်လားတော့ ကျွန်တော်မသိပါဘူး" လို့ အန်ဒိုက ပြောပါတယ်။

မြောက်လန်ဒန်ရှိ ပထမဆုံး ပွဲဦးထွက်ရာသီမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ တိုမီယာဆုဟာ ဒဏ်ရာ ရရှိခဲ့ပြီး ဒုတိယရာသီမှာ ခြေစွမ်းတည်ငြိမ်ဖို့ကြိုးစားနေရပါတယ်။ အန်ဒိုရဲ့စာအုပ်ကို ဖတ်ပြီးတဲ့အခါ သူဟာ အားအင်ပြည့်လာခဲ့ပြီး ဘယ်နောက်တန်းရာ ညာနောက်တန်းမှာပါ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

ဝုဗ်အား အနိုင်ရရှိခဲ့တဲ့ပွဲမှာ နောက်တန်းကစားသမားက ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ လန်းစ်နဲ့ကစားခဲ့တဲ့ပွဲမှာလည်း မာတင်နယ်လီအတွက် ဖြတ်တင်ပေးပို့မှုကို လုပ်နိုင်ခဲ့ပါတယ်။ အခုလိုခြေစွမ်းပြနေတာကြောင့် အခြားအသင်းတွေရဲ့ စိတ်ဝင်စားလာမှုကို တားဆီးနိုင်ဖို့ အာဆင်နယ်က စာချုပ်သစ်အတွက် ကမ်းလှမ်းမယ်လို့ မျှော်လင့်ရပါတယ်။

အန်ဒိုနဲ့ တိုမီယာဆုတို့ဟာ ဂျပန်အတွက် အတူတူတွဲပြီး မကစားဖူးပါဘူး။ ဒါပေမဲ့ ဘယ်လ်ဂျီယံက ကလပ်မှာရှိစဉ်တုန်းက သူတို့တွေဟာ အသင်းဖော်တွေဖြစ်ခဲ့ကြပါတယ်။ သူတို့တွေဟာ ၂၀၂၂ခုနှစ်ကမ္ဘာ့ဖလားမှာ နိုင်ငံ့လက်ရွေးစင်အသင်းကို ကူညီပေးခဲ့ကြပြီး မရဏအုပ်စုတွင် စပိန်၊ ဂျာမနီတို့ကို အနိုင်ယူခဲ့ကြသူတွေဖြစ်ပါတယ်။

ဝုဗ်အား ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ တိုမီယာဆုရဲ့ အခန်းကဏ္ဍက အရေးပါခဲ့ပြီး အဆင့် ၃ နေရာက လီဗာပူးကို ၅မှတ်ဖြတ်ကာ ဇယားထိပ်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အန်ဒိုရဲ့လီဗာပူးကတော့ တနင်္ဂနွေနေ့မှာ ဖူလ်ဟမ်နှင့် ကစားရမှာဖြစ်ကာ အာဆင်နယ်နှင့်အမှတ်ကွာဟမှုကို လျော့ချရမှာဖြစ်ပါတယ်။

#လီဗာပူး #အာဆင်နယ် #တိုမီယာဆု #ပရီးမီးယားလိဂ် #အန်ဒို