ရှေ့သို့
Image

နယူးကာဆယ်အား ရှုံးနိမ့်ပြီးနောက် ယူနိုက်တက်အား ဝေဖန်လိုက်တဲ့ ပေါလ်စခိုး

11:28 AM, 4 December

နယူးကာဆယ်အသင်းအား အဝေးကွင်းတွင်း ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် တန်ဟက်ရဲ့ အသင်းကို ယူနိုက်တက်ကစားသမားဟောင်း ပေါလ်စခိုးက ဝေဖန်လိုက်ပါတယ်။ စိန့်ဂျိမ်းပါ့ခ်က ရှုံးနိမ့်ခဲ့မှုတွင် စခိုးက ယူနိုက်တက်ရဲ့ ကစားပုံကို စိတ်ပျက်လျက်ရှိပြီး ဂေါ်ဒွန်က အိမ်ရှင် အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

တန်ဟက်ရဲ့အသင်းဟာ တစ်ရာသီလုံး ခြေစွမ်းတည်ငြိမ်ဖို့ ရုန်းကန်နေရတာဖြစ်ပြီး လက်ရှိအမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာတွင် ရပ်တည်နေကာ ၁၄ ပွဲတွင် ၈ ပွဲနိုင် ၆ ပွဲ ရှုံးနိမ့်ထားပါတယ်။ အသင်းရဲ့ကစားပုံက စုတ်ပြတ်နေပြီး ကလပ်မှာ ပျင်းရိနေတဲ့ ကစားသမားတွေ ရှိနေပါတယ်လို့ ထပ်လောင်း ပြောကြားထားပါတယ်။

အသင်းဟောင်းနဲ့ပတ်သက်ပြီး မေးမြန်းရာတွင် ပေါလ်စခိုးက Premier League Production သို့ "အဲ့ဒီပွဲက အသင်းရဲ့ကစားပုံက ဆိုးရွားပါတယ်။ ဒီလိုရလဒ်တွေကြောင့်ပဲ မကြားသေမီကာလမှာ ဦးဆောင်မှုလွဲမှားခဲ့တာဖြစ်ပါတယ်" "အသင်းမှာ ပျင်းရိနေတဲ့ သူတွေများနေတာကြောင့် သူတို့တွေရဲ့ ဆက်သွားလို့မရပါဘူး" "ဒီလိုနေရာသို့ သွားဖို့ဆိုတာက ပထမဆုံး အလုပ်ကြိုးစားရမှာပါ။ ပထမပိုင်းရော ဒုတိယပိုင်းမှာ နယူးကာဆယ်က အသားစီးရယူထားပြီး နောက်တန်းကစားသမားတွေအတွက်တော့ စိတ်မကောင်းမိပါဘူး"လို့ ပြောပါတယ်။

အထူးဖြင့် ယူနိုက်တက်စတားနှစ်ဦးကို ပေါလ်စခိုးက ဝေဖန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ရက်ချ်ဖို့ဒ်က ခြေစွမ်းပြသခဲ့သော်လည်း လက်ရှိရာသီမှာတော့ အဲ့ဒီလိုမဟုတ်ခဲ့ပါဘူး။

အသက် ၂၆နှစ်အရွယ် ကစားသမားဟာ နယူးကာဆယ်နှင့်ပွဲမှာ လူစားလဲခံလိုက်ရတဲ့အတွက် ဒေါသထွက်ခဲ့ပြီး ပွဲကစားချိန် ၆၁ မိနစ်မှာ အန်တိုနီနှင့် လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ လူစားလဲခံလိုက်ရတဲ့အပေါ် ရက်ချ်ဖို့ဒ်အနေနဲ့ ဘာမှစောဒကတက်စရာမလိုပါဘူးလို့ ပေါလ်စခိုးက ပြောလိုက်ပါတယ်။

"သူကဘာကို အံ့ဩသွားရတာလဲ၊ ကျွန်တော် နားမလည်နိုင်ပါဘူး။ ဘာအတွက် သူက ကွင်းထဲမှာ ရှိချင်နေတာလဲဆိုတာ ကျွန်တော် တွေးလို့မရပါဘူး။ အသင်းကောင်းဖို့ထက် သူ့ကြောင့် ဆိုးရွားနေတာပါ" "ပြီးခဲ့တဲ့ရာသီက ကောင်းခဲ့ပါတယ်။ အဲ့ဒီအတွက် သံသယဖြစ်စရာမရှိပါဘူး။ ပွဲအတွက် ဆုံးဖြတ်ချက်ချတဲ့အခါမှာ သူ့ကို ထုတ်လိုက်တဲ့ အရာက အသင်းအတွက်ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်" "လက်ရှိမှာ သူက အတွေ့အကြုံရှိကစားသမားပါ။ အခြားကစားသမားတွေကိုလည်း ကြည့်ရမယ့်သူလည်း ဖြစ်ပါတယ်။ မိုင်နူးဆိုရင် သူ့ကိုကြည့်နေပြီး ဂါနာချိုကလည်း အဲ့ဒီလိုပါပဲ"လို့ သူက ပြောပါတယ်။

ပေါလ်စခိုးက ဖာနန်ဒက်စ်ကိုလည်း ဝေဖန်ခဲ့ပြီး သူ့ရဲ့ပုံစံက ယူနိုက်တက်အတွက် အနှောက်အယှက် ဖြစ်စေခဲ့ပါတယ်လို့ ပြောလိုက်ပါတယ်။ "ဘရူနိုကတော့ ပြောရမယ့် နောက်တစ်ယောက်ပါ။ သူ့မှာ အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်ရှိပါတယ်။ သူက ဂိုးသွင်းနိုင်သလို ဂိုးလည်း ဖန်တီးနိုင်ပါတယ်။ ဒါပေမဲ့ ပွဲမတိုင်ခင် အဝတ်လဲခန်းထဲ အတွင်းမှာ နည်းပြက သူ့ကို ဘယ်လိုတောင်းဆိုလိုက်သလဲဆိုတာကို ကျွန်တော်နားထောင်ချင်မိပါတယ်" "ဘယ်နေရာအတွက် ကစားစေလိုက်သလဲဆိုတာကိုပေါ့။ ကွင်းရဲ့ဘယ်နေရာကို ထောက်ပံ့ပေးဆိုတာကိုပေါ့" "သူ့ကိုကျွန်တော်က နံပါတ် ၁၀ အဖြစ်မြင်ထားပြီး ဒါဟာ သူ့ရဲ့အကောင်းဆုံးနေရာဖြစ်ပြီး ဘောလုံးပေးပို့မှုလည်း လုပ်နိုင်သလို ဂိုးပါ သွင်းယူနိုင်ပါတယ်" "ဒီည သူ့ရဲ့နေရာက ဘယ်နေရာလဲ။ သူက အဲ့ဒီနေရာမှာ မရှိခဲ့ပါဘူး။ သူ့ကို ဘယ်အခြမ်းနဲ့ ညာအခြမ်းမှာတွေ့ခဲ့သလို တစ်ခါတစ်လေ အတွင်းပိုင်းသို့ ရောက်သွားခဲ့ပါတယ်" "ဒါဟာ အသင်းအတွက် ကောင်းတယ်လို့ ကျွန်တော့်တော့ မထင်ပါဘူး။ ဒါဟာ ကစားကွက်ကို ပျက်စေသလို ကစားပုံကိုလည်း ပျက်ပြားစေပါတယ်"လို့ သူက ပြောပါတယ်။

ယူနိုက်တက်ရဲ့ နယူးကာဆယ်အား ရှုံးနိမ့်မှုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဂါလာတာစာရေးအသင်းကို ၃-၁ ဂိုးဖြင့် ဦးဆောင်ခဲ့ပြီး ၃-၃ ဂိုးသရေကျခဲ့တဲ့ပွဲအပြီးနောက် ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ချန်ပီယံလိဂ် အုပ်စု A ရဲ့ အောက်ဆုံးမှာ ရှိနေပြီး နောက်တစ်ဆင့်တက်ဖို့အတွက် အခွင့်အရေးနည်းပါးနေတာဖြစ်ပါတယ်။

နယူးကာဆယ်အားရှုံးနိမ့်ခဲ့တဲ့ပွဲတွင် နောက်သို့ ပြန်မလိုက်နိုင်ခဲ့တဲ့ မာရှယ်ကို တန်ဟက်က ဒေါသထွက်ခဲ့ပါတယ်။ ယူနိုက်တက် ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှု မရှိဘူးဆိုတဲ့ ပေါလ်စခိုးရဲ့ စကားကို ပြန်ပြောရမယ်ဆိုရင် အယ်လ်မီရွန်ရဲ့ ဂိုးမှာ မာရှယ်ရဲ့ လူကပ်မှုမရှိနေခြင်းက သက်သေပဲဖြစ်ပါတယ်။

တန်ဟက်က မာရှယ်ကို တိုက်တွန်းခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ပြင်သစ်နိုင်ငံသားက လူစားလဲခြင်းခံခဲ့ရပါတယ်။ လက်ရှိကစားနေရတဲ့ နေရာတွေမှာ ယူနိုက်တက်ကစားသမားအချို့က မပျော်ရွင်နေကြပါဘူးလို့ ဂျာမိန်ဂျီးနက်စ်က ပြောကြားထားပါတယ်။

TNT Sports သို့ ဂျီးနက်စ်က "ကျွန်တော့်အမြင်အရတော့ ဒီညကစားသွားပုံမှာ ယူနိုက်တက် ကစားသမား ၂ ဦးလောက်က ကွင်းအတွင်းသူတို့ ကစားနေရတဲ့ နေရာအပေါ် မပျော်ရွင်ဘူးလို့ ထင်မိပါတယ်" "အချိန်တော်တော်များများမှာ ကစားသမားအချို့က နည်းပြကို အမူအရာဖြင့် ပြောနေခဲ့ကြပါတယ်" "အထူးဖြင့် ညာအခြမ်းမှာ ကစားနေတဲ့ ရက်ချ်ဖို့ဒ်ဖြစ်ပြီး သူ့ရဲ့လက်မောင်းတွေနဲ့ ကြည့်လိုက်အုံး ကျွန်တော် ညာအခြမ်းမှာ မကစားချင်ပါဘူးလို့ ပြောနေပုံရပါတယ်" "နောက်သို့ ပြန်မဆင်းခဲ့တဲ့ မာရှယ်ကလည်း နောက်တန်းမှာ ဖေဘီယံရှာဟာရဲ့ ထိန်းချုပ်ခြင်းကို ခံနေရပါတယ်။ ဒီည ကွင်းအတွင်းရှိ ကစားသမားတွေရဲ့ တန်ဟက်အပေါ် လေးစားမှုကတူညီတဲ့အနေအထားမှာ ရှိနေပုံမရဘဲ ဒါဟာ စိုးရိမ်စရာဖြစ်ပါတယ်"လို့ ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #နယူးကာဆယ် #ပေါလ်စခိုးလ် #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ်