ရှေ့သို့
Image

အိုဆီမန်ရဲ့ စာချုပ်သက်တမ်းကိစ္စတိုးတက်မှုနဲ့ပတ်သက်ပြီး ပြောကြားလိုက်တဲ့ ဒီလော်ရန်းတစ်

10:52 AM, 3 December

အိုဆီမန်ရဲ့စာချုပ်သက်တမ်းတိုးမှုက အဆင့်တစ်ခုသာ ကျန်ရှိတော့တာဖြစ်သော်လည်း ကရာဗက်ခါလီယာ ကတော့ အဲ့ဒီလိုမဟုတ်ပါဘူးလို့ နာပိုလီဥက္ကဌ ဒီလော်ရန်းတစ်က ပြောကြားလိုက်ပါတယ်။


ပြီးခဲ့တဲ့ရာသီက အသင်းရဲ့ ချန်ပီယံဖြစ်ခဲ့မှုတွင် နိုင်ဂျီးရီးယားတိုက်စစ်မှုးဟာ ခြေစွမ်းပြသခဲ့တာဖြစ်ပြီး လက်ရှိရာသီမှာလည်း အဆိုပါခြေစွမ်းကို ထိန်းထားနိုင်တာဖြစ်ကာ စီးရီးအေ ၉ ပွဲမှာ ၆ ဂိုး သွင်းယူထားပါတယ်။ သူ့ရဲ့လက်ရှိစာချုပ်မှာ ၂ နှစ် ကျန်ရှိနေသေးသော်လည်း ကလပ်ဘက်ကတော့ စာချုပ်သက်တမ်းတိုးဖို့အတွက် ကြိုးစားလုပ်ဆောင်နေပြီဖြစ်ပါတယ်။


တောင်ပံကစားသမားဖြစ်တဲ့ ကရာဗက်ခါလီယာနှင့် နာပိုလီက ညှိနှိုင်းနေသော်လည်း တိုးတက်မှုများ မရှိနေတာဖြစ်ပါတယ်။ နည်းပြသစ်အဖြစ် ခန့်အပ်ထားတဲ့ မာဇာရီကလည်း လက်ရှိရာသီ ထိပ်ဆုံး ၄ သင်းအတွင်း ဝင်ရောက်ဖို့ အသင်းအား ဦးဆောင်နိုင်မယ်လို့ နာပိုလီက မျှော်လင့်နေပါတယ်။


Campania Felix ဆုပေးပွဲတွင် ဒီလော်ရန်းတစ်က အိုဆီမန်ရဲ့ စာချုပ်သက်တမ်းတိုးမှုအကြောင်း ပထမဆုံး ဆွေးနွေးခဲ့ပါတယ်။


"အိုဆီမန်အတွက်ကတော့ နွေရာသီကတည်းက စာချုပ်သက်တမ်းတိုးမှာ နှောင့်နှေးခဲ့ရတာပါ"


ကရာဗက်ခါလီယာအကြောင်း မေးတဲ့အခါ "သူ့ရဲ့စာချုပ်မှာ ၄ နှစ်ကျန်ရှိနေသေးပြီး လူတွေက ဒီမှာမရှိတော့ သူအတွက် အမြဲတမ်းငိုကြွေးနေကြပါတယ်" လို့ ပြောပါတယ်။


ကွင်းသစ်တည်ဆောက်မှုအပေါ် နာပိုလီဥက္ကဌက မှတ်ချက်ပေး ပြောကြားလိုက်ပါတယ်။


"ကျွန်တော်က ငြင်းပယ်ခြင်းခံခဲ့ရတဲ့ ပရောဂျက်ကို တင်ပြနေတာလို့ လူတွေရဲ့ ပြောသံတွေ ကြားခဲ့ရပါတယ်။ ဒါက မမှန်ပါဘူး။ ဘယ်သူမှမသိသေးတဲ့ ပရောဂျက်တစ်ခုကို ကျွန်တော်က တင်ပြခဲ့တာပါ။ အဲ့ဒီမှာ ၄၁၅၀၀ လောက် လာကြည့်နိုင်မှာဖြစ်ပြီး တစ်နှစ်ကို ပျမ်းမျှ ၃၂၀၀၀ လောက် နေရာပေးနိုင်မှာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ရဲ့ ကွင်းက ၄၀၀၀၀ ၊ ၃၉၉၀၀ လောက်ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်"


"မက်ဆန်နီရယ်လိုကဲ့သို့ ကွင်းက နာမည်ကြီးဖြစ်စေချင်တဲ့ သူတစ်ယောက်က ပြောတယ်လို့ထင်ပါတယ်။ အဲ့လိုဆိုရင် ၅၅၀၀၀ - ၆၀၀၀၀ ဆံ့အောင် ဆောက်ရမှာပါ။ ကွင်းကြီးက ပရိသတ်တွေအတွက် အဆင်ပြေရမယ်လို့ သူတို့ကပြောရင် အများပိုင်အတွက် ဖန်တီးရမယ်လို့ ကျွန်တော်ပြောချင်ပါတယ်"


"အိုဆီမန်အတွက် ယူသန်း ၇၀ ကျွန်တော်ရရမယ်ဆိုရင် ဘယ်သူက ပေးမှာလဲ။ တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ သန်းပေါင်းများစွာသော ရင်းနှီးမြှပ်နှံမှုတွေနဲ့အတူ ကျွန်တော်က ကွင်းတစ်ကွင်းကို ဝယ်ယူချင်ပြီး ဒါတွေအားလုံးဟာ တကယ့်ကွင်းကြီးတွေလို ကစားသမားတွေဘေးက ပရိသတ်တွေကို ပေးချင်ပါတယ်" လို့ သူက ပြောပါတယ်။


"ကျွန်တော်တို့မှာ ဘယ်နောက်တန်းကစားသမားမရှိပါဘူး။ ဒဏ်ရာ ၂ ယောက် ရနေပါတယ်။ နောက်ပြီး ကြီးမားတဲ့ တာဝန်ယူမှု ပြုလုပ်ထားတဲ့ နည်းပြသစ်လည်းခေါ်ယူထားတာပါ။ သူဟာ ချက်ချင်းဆိုသလို အတ္တလန္တာ၊ ရီးရဲလ်မက်ဒရစ်တို့နှင့် ကစားခဲ့ရတာဖြစ်ပါတယ်" လို့ ပြောပါတယ်။


နောက်ဆုံးမှာတော့ အသင်းဥက္ကဌက ခက်ခဲတဲ့ ပွဲစဉ်ဇယားအပေါ် စောဒက တက်ခဲ့ပါတယ်။


"ကျွန်တော်တို့အသင်းက နောက်ထပ် ပွဲစဉ်များအဖြစ် အင်တာ၊ ဂျူဗင်တပ်စ်တို့နဲ့ ကစားရမှာဖြစ်ပါတယ်။ အင်တာနဲ့ပွဲကို ပြင်ဆင်ဖို့ နောက်တန်းကစားသမား ၂ ဦးမဝင်ဘဲ ၂ ရက်ဆိုတာ လုံလောက်ပါသလား။ ဒါဟာ ခက်ခဲတယ်လို့ ကျွန်တော်မြင်မိပါတယ်"


"ဂျူဗင်တပ်စ်နဲ့ပွဲအတွက် ပြင်ဆင်ချိန် ၅ ရက်ရပြီး ရည်မှန်းချက်ပြည့်ဖို့အတါက် ပြဿနာတွေဆိုတာရှိလာတာမလား။ မာဒွန်နာက ကျွန်တော်တို့နှင့်အတူ ရှိနေမှာပါ" လို့ အသင်းဥက္ကဌက ပြောပါတယ်။

#စီးရီးအေ #နာပိုလီ #အိုဆီမန်