ရှေ့သို့
Image

ယူနိုက်တက်နဲ့ ခြေစမ်းပွဲစဉ်မှာ ရခဲ့တဲ့ ပြင်းထန်ဒဏ်ရာကြောင့် ယခုအချိန်အထိ နာကျင်နေရတယ်လို့ဆိုတဲ့ ပေါလ်မူလင်

1:59 PM, 2 December

အင်္ဂလန်အမျိုးသားအပျော်တမ်းလိဂ်တွင် ပုံစံကောင်းပြသကာ အနိုင်ရချန်ပီယံ ဖြစ်ခဲ့တာကြောင့် လိဂ် ၂ ကို တန်းတက်ခွင့်ရခဲ့တဲ့ မင်းသားရိုင်ယန်ရေးနိုးလ်ရဲ့ ဝရက်စ်ဟမ်း ကစားသမား ပေါလ်မူလင်က ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွင် ရခဲ့တဲ့ ဒဏ်ရာကြောင့် အတော်လေးနာကျင်နေရတဲ့အကြောင်း ဖွင့်ဟပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

မူလင်အနေဖြင့် အမျိုးသားအပျော်တမ်းလိဂ် ပြိုင်ပွဲတွင် လိဂ်သွင်းဂိုး ၃၈ဂိုးအပြင် ပြိုင်ပွဲစုံ ၄၇ဂိုးအထိ သွင်းယူကာ အံ့အားသင့်ဖွယ်စွမ်းဆောင်ရည် ပြသပြီး ဝရက်စ်ဟမ်းအသင်းကို ချန်ပီယံဖြစ်စေခဲ့ရာမှတစ်ဆင့် လိဂ်-၂ ပြိုင်ပွဲကိုပါ တန်းတက်စေခဲ့တာကြောင့် ပရိတ်သတ်အားပေးမှု အပြည့်အဝရထားခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား အပျော်တမ်းလိဂ်ပြိုင်ပွဲအတွင်း ရမှတ် ၁၁၁မှတ်ဖြင့် ချန်ပီယံဖြစ်ထားကာ ပိုင်ရှင် ရေးနိုးလ်ကိုယ်တိုင် ကမ္ဘာ့မီဒီယာတွေအထက်မှာ နာမည်ကျော်ကြားလာရန် စွမ်းဆောင်ပေးခဲ့တဲ့ ဝရက်စ်ဟမ်းအသင်း အနေဖြင့် ရာသီကြို ခြေစမ်းပွဲစဉ်တွေအဖြစ် အင်္ဂလန်ရဲ့ ထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးအသင်းတို့ နဲ့ ခြေစမ်းကစားခဲ့တာပဲ ဖြစ်ပါတယ်။

နည်းပြ ဖီးလ်ပါကင်ဆန်ရဲ့ ဝရက်စ်ဟမ်အသင်းက လာမယ့်ပွဲစဉ်တွင် မိုရီကမ်ဘီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အက်ခရင်တန်အသင်းနဲ့ ပွဲစဉ်တွင် ပင်နယ်တီလွဲချော်ကာ အရေးနိမ့်စေခဲ့တဲ့ ပေါမူလင်အနေဖြင့် ခြေစွမ်းပြကစားလာနိုင်တာ ဖြစ်ပါတယ်။ စူပါစတားမင်းသား ရိုယန်ရေးနိုးလ်ပူးတွဲ ပိုင်ဆိုင်တဲ့ ဝရက်စ်ဟမ်းအသင်းအနေဖြင့် ယခုနှစ်မှ လိဂ် ၂ ပြိုင်ပွဲကို ရောက်လာခဲ့တာဖြစ်ပြီး ပွဲစဉ် ၁၈ ပွဲကစားပြီးချိန်တွင် ရမှတ် ၃၃ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၄ နေရာတွင် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ဒဏ်ရာရခဲ့တာနဲ့ ပတ်သက်လို့ ပေါလ်မူလင်က “ပွဲပြီးချိန်အထိကို အတော်လေး နာကျင်နေခဲ့ရသေးပါတယ်။ ပွဲကစားချိန်အတွင်းမှာ ကောင်းမွန်နေသေးပေမဲ့ ပွဲအပြီးမှာ ပိုမိုနာကျင်ခဲ့ရပါတယ်။ ဒီဒဏ်ရာက ယခုအချိန် အထိတောင် တစ်ခါတစ်ရံမှာ နာကျင်နေတယ်လို့ စိတ်ထဲမှာ စွဲနေစေပါတယ်”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ခြေစမ်းပွဲ #မူလင် #ဝရက်စ်ဟမ်း