ရှေ့သို့
Image

တိုနေးရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပြောကြားလိုက်တဲ့ ဘရန်ဖို့ဒ်နည်းပြ သောမက်စ်ဖရန့်

10:29 AM, 2 December

ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်က အာဆင်နယ်နှင့် ချဲလ်ဆီးတို့ရဲ့ စိတ်ဝင်စားခြင်းကိုခံနေရတဲ့ အိုင်ဗန်တိုနေးရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြောကြားလိုက်ပါတယ်။ တိုနေးဟာ ယခုနှစ်အစောပိုင်းတွင် အက်ဖ်အေရဲ့ လောင်းကစား စည်းမျဉ်းများကို ချိုးဖောက်ခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက် ရှစ်လကြာ ဆိုင်းငံ့ခြင်းခဲ့ရကာ လက်ရှိအချိန်မှာတော့ နောက်ဆုံးရက်သတ္တပတ်များအတွင်းသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။

သူဟာ ဇန်နဝါရီ ၁၈ ရက်မှာ ဘရန့်ဖို့ဒ်အသင်း အတွက် ပါဝင်ကစားခွင့်ရရှိတော့မှာဖြစ်ပေမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်မှာ အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့ကလည်း သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ Evening Standard နှင့် အင်တာဗျူးတွင် အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှုးရဲ့ အနာဂတ်ကို မေးမြန်းရာ ဘရန့်ဖို့ဒ်နည်းပြက ကလပ်အနေဖြင့် သူ့ကို ရောင်းချရန် မမျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။

"ပြီးခဲ့နှစ်က သူက ဘယ်လိုကစားခဲ့တာလဲဆိုတာ လူတိုင်းမြင်ဖူးပါတယ်။ သူက ခြေထောက်ကျိုးတာ ဒါမှမဟုတ် ACL ဒဏ်ရာရတာနဲ့မတူပါဘူး။ ဒါကြောင့် သူက ကြံ့ခိုင်ပြီး အောင်မြင်မှုရဖို့ ပိုလို့တောင် ရည်မှန်းချက်ကြီးတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲ့ဒီဖြစ်မယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်။ သူ့ကို မဆုံးရှုံးချင်ပါဘူး။ ဖေဖေါ်ဝါရီ ၁ ရက်မှာ ဘရန့်ဖို့ဒ်ကစားသမား ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်"လို့ နည်းပြက ပြောကြားထားပါတယ်။

တိုနေးဟာ ဆိုင်းငံ့ခြင်းမခံရမီ ၂၀၂၂-၂၃ ရာသီ ပရီးမီးယားတွင် သွင်းဂိုး ၂၀ သွင်းယူခဲ့ပြီး မန်စီးတီးက ဟာလန်းနှင့် တော့တင်ဟမ်က ဟယ်ရီကိန်းတို့ရဲ့နောက် တတိယမြောက် သွင်းဂိုးအများဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ဟာ အသင်းရဲ့ကစားသမားအတွက် ယခုဇန်နဝါရီလတွင် အနည်းဆုံး ပေါင် သန်း ၈၀ (ဒေါ်လာ ၉၉ သန်း) လိုချင်နေကြောင်း သိထားရသော်လည်း ပေါင်သန်း ၁၀၀ (ဒေါ်လာ ၁၂၆ သန်း) ဖြင့်ဈေကိုင်ထားတယ်လို့ အချို့သောသတင်းများက ဖော်ပြထားပါတယ်။

အာဆင်နယ်ရဲ့ တိုနေးကို စိတ်ဝင်စားမှုက ကာလရှည်ကြာစွာရှိနေပြီး လက်ရှိကစားသမားဖြစ်တဲ့ ဂါဘရီရယ် ဂျီးဆပ်စ်ကမူ ပွဲထွက်လူစာရင်းတွင် အစားထိုးခံရမယ်ဆိုတဲ့ ကောလာဟလများကို ဂရုမစိုက်ကြောင်း မကြာသေးမီက အခိုင်အမာ ပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အင်္ဂလန်လက်ရွေးစင်ကစားသမားကို ခေါ်ယူဖို့ရှိနေတဲ့ ချဲလ်ဆီးအသင်းကလည်း ဒီရာသီမှာ သွင်းဂိုးတွေနည်းပါနေတာဖြစ်ပါတယ်။ နွေရာသီမှာ ခေါ်ယူခဲ့တဲ့ အန်ကွန်ကူက ဒဏ်ရာကြောင့် မပါဝင်နိုင်သေးဘဲ နီကိုလက်စ် ဂျက်ဆင်က ပရီးမီးယားလိဂ်နဲ့ အသားကျအောင် ရုန်းကန်နေရပါတယ်။

ကျွန်တော်တို့ဟာ ဒီဇန်နဝါရီအပြောင်းအရွှေ့အတွက် အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမဲ့ ဘရန့်ဖို့ဒ်ဟာ တိုနေးကို ထိန်းသိမ်းနိုင်မယ့် မျှော်လင့်ချက်ကတော့ ဆုံးရှုံးမှာမဟုတ်ပါဘူး။ မကြာသေးမီကပင် အထောင်တိုက်စစ်မှုးဟာ အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုရန် စဉ်းစားနေသေးကြောင်း ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၄-၂၅ ရာသီကုန်တွင် သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။

#ဘရန့်ဖို့ဒ် #အပြောင်းအရွှေ့ #သောမတ်စ်ဖရန့် #အိုင်ဗန်တိုနေး