ရှေ့သို့
Image

အင်တာမီယာမီတွင် မက်ဆီနှင့် ပြန်လည် ဆုံစည်းရန်အတွက် ဂရီမီယိုကနေ ထွက်ခွာလာပြီဖြစ်တဲ့ ဆွာရက်ဇ်

10:24 AM, 2 December

ဆွာရက်ဇ်ဟာ အင်တာမီယာမီတွင် မက်ဆီနှင့် ပြန်လည်တွေ့ဆုံရန် ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တာဖြစ်ပြီး တိုက်စစ်မှုးဟာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း ဂရီမီယိုက အတည်ပြုလိုက်ပါတယ်။

ဝါရင့်တိုက်စစ်မှုးဟာ ယခုနှစ်ကုန်တွင် ဘရာဇီးကလပ်ကနေထွက်ခွာဖို့ ကမ်းလှမ်းမှာဖြစ်ပြီး စာချုပ်ကို စောစီးစွာ ရပ်စဲရန် သဘောတူညီထားကြောင်း သိရပါတယ်။ ထို့နောက်တွင် ဆွာရက်ဇ်ဟာ အမေရိကန်သို့ လွတ်လပ်စွာ သွားရောက်နိုင်မှာဖြစ်ပြီး MLS ကလပ် အင်တာမိုင်ယာမီတွင် ဘာစီလိုနာအသင်းဖော်ဟောင်း မက်ဆီ၊ ဆာဂျီယို ဘတ်စ်ကွက်စ်၊ ဂျော်ဒီအယ်လ်ဘာတို့နှင့် တွေ့ဆုံနိုင်မှာဖြစ်ပါတယ်။

ဂရီမီယိုအတွက် ၅၁ ပွဲ ကစားပြီး ၂၆ ဂိုး သွင်းယူပေးထားတဲ့ ဆွာရက်ဇ်ရဲ့ အသင်းကနေထွက်ခွာနှင့် ပတ်သက်ပြီး သတင်းထောက်တွေကို ရီနာတိုဂူချိုက "ကျွန်တော်တို့ သူ့ကို လွမ်းနေမှာလားဆိုရင် သေချာတာပေါ့ဗျာ။ နောက်တစ်ခုကတော့ လူတိုင်းက သူ့ကို အရမ်းချစ်ကြတယ်ဆိုတာပါပဲ။ ကမ္ဘာပေါ်မှာ အကောင်းဆုံး ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးနဲ့ စတုတ္ထမြောက် သွင်းဂိုးအများဆုံး ကစားသမားတစ်ယောက်နဲ့ အခုလို လက်တွဲရတာကို ကျေနပ်မိပါတယ်" "သူလို အရည်အချင်းရှိကစားသမားကို ရှာတွေ့ဖို့ဆိုတာ မလွယ်ကူတာကြောင့် နောက်နှစ်မှာ သူ့နေရာအတွက် ဟာကွက်ကြီးက ရှိနေမှာဖြစ်ပါတယ်။ အခြားတစ်ယောက်ယောက်ကို တွေ့သောအခါ၊ ငွေရေးကြေးရေးအရ သူ့ကိုခေါ်ယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"

"ကျွန်တော် အရင်ကပြောခဲ့သလိုပဲ ကံမကောင်းတာက သူဒီမှာဆက်နေဖို့ဆိုတာ အရမ်းခက်ခဲခဲ့ပါတယ်။ လူတိုင်းက လိုချင်ကြသော်လည်း သူသာလျှင် ဆုံးဖြတ်ချက်ကို ပြန်ပြင်နိုင်တဲ့သူပါ" "ကံမကောင်းစွာဘဲ သူက အသင်းကနေ ထွက်ခွာသွားမှာဖြစ်ပြီး တိုက်စစ်မှာတော့ လစ်ဟာသွားမှာဖြစ်ပါတယ်။ နောက်ထပ်တိုက်စစ်မှုးတစ်ဦးကို ရှာဖွေဖို့ကတော့ ဘုတ်အဖွဲ့နှင့် ဥက္ကဋ္ဌတို့အပေါ်မှာသာ မူတည်ပါတယ်။ ဒါက ကျွန်တော့်အတွက်သာမက တစ်သင်းလုံးအတွက်ပါ ဝမ်းသာစရာပါ" လို့ ပြောပါတယ်။

အသက် ၃၆ နှစ်အရွယ် ဆွာရက်ဇ်ရဲ့ ဘရာဇီးတွင်ရှိနေစဉ်အတွင်း အကန့်အသတ်မရှိတဲ့ စွမ်းအင်နဲ့ အနိုင်ယူလိုတဲ့ စိတ်ဆန္ဒရှိမှုအပေါ် ရီနာတိုက "ဒါဟာ လူတိုင်းအတွက် ဝမ်းနည်းစရာကောင်းပါတယ်။ နှစ်အစမှာ သူရောက်လာပြီး ကျွန်တော်တို့ကို အများကြီး ကူညီပေးခဲ့ပါတယ်။ ပရိသတ်တွေက သူ့ကို စွဲလန်းသွားပါတယ်။ သူက ကွင်းတွင်းရော အပြင်မှာပါ ထူးခြားတဲ့ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ပါ" "သူက တိတ်တဆိတ် ပွဲတွေမှာ ပါဝင်ကစားခဲ့တာပါ။ လေ့ကျင့်ရေး ဒါမှမဟုတ် ပွဲတွေမှာ သူ့ကို ခေါ်ပြီး အနားပေးချင်ပေမယ့် သူက ဆက်လုပ်ချင်ခဲ့ပါတယ်။ သူက ပွဲတိုင်းကို ကစားချင်ပြီး မနာချင်ပါဘူး"လို့ ပြောပါတယ်။

ဆွာရက်ဇ်ဟာ နောက်ဆုံးအိမ်ကွင်းပွဲတွင် ဂရီမီယိုကစားသမားအဖြစ် တနင်္ဂနွေနေ့ ဗက်စ်ကိုဒါးမားနှင့်ပွဲမှာ ဝင်ရောက် ကစားမှာဖြစ်သလို နောက်ဆုံးပွဲစဉ်ကတော့ ဒီဇင်ဘာလ ၇ ရက်နေ့ ဖလူမီးနီစ်နဲ့ပွဲဖြစ်ပြီး ၂၀၂၄  MLS ရာသီကြို လေ့ကျင့်ရေးအဖြစ် မက်ဆီ ၊ အင်တာမိုင်ယာမီတို့နှင့် အလားအလာရှိတဲ့ ပူးပေါင်းမှု မတိုင်မီတွင် သူက ခေတ္တအနားယူဖို့ရှိနေတာဖြစ်ပါတယ်။

#မက်ဆီ #ဆွာရက်ဇ် #အင်တာမီယာမီ