ရှေ့သို့
Image

အိုလီဝက်ကင်းစ်ရဲ့ဒဏ်ရာနှင့် ပတ်သက်ပြီး ပြောကြားလိုက်တဲ့ အက်စ်တွန်ဗီလာနည်းပြ အမ်မရီ

10:06 AM, 2 December

အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ လက်ရှိရာသီပြိုင်ပွဲစုံမှာ ပွဲ ၂၀ ကစားထားပြီး ၁၂ ဂိုး သွင်းယူပေးထားကာ ပြီးခဲ့တဲ့ရာသီမှာ ၁၆ ဂိုးအထိ သွင်းယူထားနိုင်တာကြောင့် ဗီလာအတွက် ဂိုးသွင်းနိုင်မှု အကောင်းဆုံးဖြစ်နေတာဖြစ်ပါတယ်။ ကြာသပတေးနေးက လီဂီယာဝါဆောနှင့် ကစားခဲ့တဲ့ပွဲမှာ ပါဝင်ခဲ့ခြင်းမရှိဘဲ တိုက်စစ်မှုးဟာ ကြံ့ခိုင်မှု ပြည့်ဝခြင်းမရှိပါဘူးလို့ နည်းပြက အတည်ပြုထားပါတယ်။

အင်္ဂလန်နိုင်ငံသားက ဒဏ်ရာ ရရှိနေတာလည်း အနားပေးထားတာလားလို့မေးရာတွင် နည်းပြက "နှစ်မျိုးစလုံးပါပဲ။ မနေ့က သူဟာ နာကျင်မှုအနည်းငယ်ကိုခံစားခဲ့ရတာပါ။ အရမ်းကြီးလည်း တောင့်တင်းမှုမရှိပါဘူး။ ဒါကြောင့် သူ့ကို အနားပေးဖို့ ဆုံးဖြတ်ခဲ့တာပါ" လို့ ပြောပါတယ်။

ဝက်ကင်းစ်က အချိန်အကြာကြီး နားနေရမှာမဟုတ်ဘဲ တနင်္ဂနွေနေ့ ဘုန်းမောက်နှင့်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ် အတွက် ကြံ့ခိုင်မှုပြည့်ဝနေမှာဖြစ်ပါတယ်။ အမ်မရီကလည်း အဲ့ဒီလိုမျှော်လင့်နေပြီး အသင်းရဲ့ ပုံစံကောင်းကိုလည်း ဆက်လက်အလိုရှိနေကာ ၁၃ ပွဲကစားပြီးနောက် ဗီလာဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

တော့တင်ဟမ်အား ၂-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဝက်ကင်းစ်က ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒါကြောင့် အမှတ်ပေးဇယားမှာ တော့တင်ဟမ်ကို ကျော်တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ဒါမှမဟုတ် ဥရောပပြိုင်ပွဲတစ်ခုသို့ ဝင်ရောက်ဖို့နဲ့ပတ်သက်ပြီး နည်းပြက ပြောဆိုထားခြင်းမရှိပါဘူး။

"ထိပ်ဆုံး ၇ နေရာအတွက် ကျွန်တော်တို့ထက်ပိုကောင်းတဲ့ အသင်း ၇ သင်းက ပြိုင်ဆိုင်နေကြတာပါ။ ကျွန်တော်တို့က ကြိုးစားနေဆဲသာဖြစ်ပါတယ်" "မန်စီးတီး၊ ယူနိုက်တက်၊ လီဗာပူး၊ အာဆင်နယ်၊ တော့တင်ဟမ်၊ ချဲလ်ဆီးနှင့် နယူးကာဆယ်တို့ ဖြစ်ပါတယ်" "ဒီလိုအနိုင်ရရှိဖို့ ကျွန်တော်တို့မှာ ယုံကြည်မှုတော့ရှိပါတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ နှစ်ဖက်ညီမျှမှုရှိဖို့သာ တွေးနေပါတယ်။ ၃၈ ပွဲ ကစားရမှာဖြစ်ပြီး ကျွန်တော်တို့က ခြေစွမ်းတည်ငြိမ်မှုကို ပြသရမှာပါ" "ကျွန်တော်တို့က နေရာကောင်းမှာ ရှိနေသော်လည်း ယှဉ်ပြိုင်နိုင်တဲ့အသင်းမဟုတ်ပါဘူး၊ ဒါပေမဲ့ အဲ့ဒီနေရာမှာရှိနေတဲ့ အတွက် ဆက်ရှိနေဖို့ ကြိုးစားသွားမှာပါ" "အခုတော့ အနားယူပြီး ကြာသပတေးနေ့အကြောင်းနဲ့ နောက်ပြီး တနင်္ဂနွေနေ့ ဘုန်းမောက်နဲ့ ကစားမယ့် အကြောင်းကို တွေးတောနေပါတယ်" လို့ နည်းပြက ပြောပါတယ်။

#အက်စတွန်ဗီလာ #အမ်မရီ #ဝက်ကင်းစ် #ပရီးမီးယားလိဂ်