ရှေ့သို့
Image

ဂါနာချိုရဲ့နောက်ပြန်ကန်ချက်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်တဲ့ အီဗန်

11:18 AM, 29 November

ယူနိုက်တက်နောက်ခံလူ ဂျွန်နီအီဗန်က ဂါနာချိုရဲ့ အဲဗာတန်နဲ့ပွဲက သွင်းဂိုးမျိုး သူလည်းလုပ်ချင်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ကာ ကလေးတွေကို အဆိုပါဗီဒီယိုပြခဲ့တယ်လို့ ဆိုပါတယ်။

အီဗန်ဟာ ဒဏ်ရာအခြေအနေကြောင့် အဆိုပါပွဲကိုလွဲချော်ခဲ့ပြီး အာဂျင်တိုင်းသားရဲ့လှပတဲ့ ကန်ချက်ကိုကြည့်ရှုခဲ့ရကာ ယူနိုက်တက်က ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါလော့တ်ရဲ့ဖြတ်တင်ပေးမှုကို ဂါနာချိုက လေပေါ်မှာတင် နောက်ပြန်ကန်ချက်နဲ့ကန်သွင်းခဲ့တာဖြစ်ပြီး ပစ်ဖို့ဒ်ရဲ့အပေါ်ထောင့်ကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

စကိုင်းစပေါ့တ်အစီအစဉ်တင်ဆက်သူ ဂယ်ရီနဗီးလ်ကတော့ အဆိုပါကန်ချက်ဟာ ရွန်းနီတစ်ယောက် မန်စီးတီးနဲ့ပွဲမှာသွင်းခဲ့တဲ့ကန်ချက်ထက် ပိုကောင်းတယ်လို့ ပြောကြားလိုက်ပါတယ်။

အီဗန်က အသက် ၁၉ နှစ်သားရဲ့ဖန်တီးမှုပိုင်းနဲ့ပတ်သက်ပြီး “အဲ့တာက ကြီးမားလွန်းပါတယ်။ ပြီးတော့ အဲ့ကန်ချက်ဗီဒီယိုကို ကျွန်တော့်ကလေးတွေကို ပြသခဲ့ပါတယ်။ ကျွန်တော်ပွဲကို အိမ်ကနေကြည့်ဖြစ်ပါတယ်။ အဲ့ကန်ချက်ကြောင့် ကျွန်တော်မှင်သက်ခဲ့ရပါတယ်။ အားလုံးက သူ့ရဲ့ကန်ချက်ကို ရွန်းနီရဲ့ကန်ချက်နဲ့နှိုင်းနေကြပါတယ်။ အဲ့တာက တကယ့်အံ့ဖွယ်နည်းစနစ်ဖြစ်သလို ကောင်လေးအတွက် ကျွန်တော် တကယ်ကိုကျေနပ်မိပါတယ်”လို့ အီဗန်က ဝန်ခံပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အဲဗာတန် #ဂျွန်နီ အီဗန်စ် #ဂါနာချို #ပရီးမီးယားလိဂ်