ရှေ့သို့
Image

မင်းသား ဝီလျံကချီးမြှင့်တဲ့ MBE ဆုကိုရရှိခဲ့တဲ့ ယူနိုက်တက်စတား ဂျွန်နီအီဗန်

8:41 AM, 29 November

ယူနိုက်တက်စတား ဂျွန်နီအီဗန်တစ်ယောက် ဘောလုံးအပေါ်မှာထားရှိတဲ့သူ့ရဲ့စိတ်ထားကို အသိအမှတ်ပြုတဲ့အနေနဲ့ မင်းသား ဝီလျံက ဘက်ကင်ဟမ်နန်းတော်မှာ MBE ဆုကို ချီးမြှင့်ခဲ့ပါတယ်။

အီဗန်ဟာ ၈ နှစ်ကြာ အသင်းနဲ့ဝေးကွာခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီတုန်းက ယူနိုက်တက်ထံပြန်လာခဲ့တာဖြစ်ပြီး မာတီနက်ဇ် မပါဝင်နိုင်တဲ့အနေအထားမှာ ဒီရာသီ ပွဲထွက်ခွင့်ပိုရရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မကြာသေးခင်တုန်းက ဒဏ်ရာရခဲ့တာကြောင့် နိုဝင်ဘာအစကတည်းက နားနေရတာဖြစ်ပါတယ်။

၈ နှစ်အတွင်း အီဗန်ဟာ အသင်း ၃ သင်းမှာ ကစားခဲ့ပြီး မြောက်အိုင်ယာလန်မှာလည်း ပွဲတိုင်းပါဝင်ခဲ့ကာ ၁၀၆ ပွဲ အထိ ပါဝင်ကစားပေးထားပါတယ်။ အခုချိန်မှာ အသက် ၃၅ နှစ်ရှိနေပြီဖြစ်တဲ့ အီဗန်ဟာ သူ့ရဲ့စွမ်းဆောင်ရည်တွေကြောင့် အသိအမှတ်ပြုခံခဲ့ရတာဖြစ်ပါတယ်။

“ကျွန်တော့်ဆီကို နောက်ကြောမှာ တော်ဝင်တံဆိပ်တုန်းနဲ့စာတစ်စောင် အိမ်ရှေ့ကရလိုက်ချိန်မှာ တော်တော်လေး အံ့အားသင့်ခဲ့ရပါတယ်။ ဒါပေမယ့် အဲ့တာက တကယ့်အံ့ဖွယ်ပါပဲ။ အဲ့တာက ကျွန်တော့်ကို ဂုဏ်ပြုသလို ခံစားရပါတယ်။ အထူးသဖြင့် ကျွန်တော် မြောက်အိုင်ယာလန်အဖွဲ့ချုပ်ရဲ့အသိအမှတ်ပြုမှုကို မြင်ရချိန်မှာ ပိုဂုဏ်ယူမိပါတယ်။ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၁၀၀ ကျော် ပါဝင်ခွင့်ရရှိခဲ့တာက တကယ့်ကိုကောင်းမွန်လှသလို ကျွန်တော်က နိုင်ငံမှာရှိတဲ့လူတိုင်းကို ကိုယ်စားပြုသလို အချိန်ကောင်းတွေလည်း အများကြီးရှိခဲ့ပါတယ်”လို့ အီဗန်က ပြောကြားခဲ့ပါတယ်။

အီဗန်ဟာ ၂၀၀၆ တုန်းက စပိန်ကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အိုင်ယာလန်အသင်း အတွက် ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ကတည်းက အီဗန်တစ်ယောက် စီနီယာကစားသမားဘ၀ ၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ၂၀၁၆ ယူရိုတုန်းက အိုင်ယာလန်အသင်းကို ကိုယ်စားပြုခဲ့သေးတာဖြစ်ပါတယ်။

အီဗန်နဲ့အတူ အီယန်ရိုက်နဲ့ ရိန်းဂျားစ်ဟီးရိုး ဂျွန်ဂရစ်ဂျ်တို့လည်း OBE ဆုတွေရရှိခဲ့ကြပါတယ်။အခြားတစ်ဖက်မှာ အင်္ဂလန် rugby အသင်းခေါင်းဆောင်ဟောင်း  ဆာရက်ချ်ဟန်တာနဲ့ ကွင်းလယ်ဒိုင် ဖာရန်တို့လည်း MBE ဆုတွေရရှိခဲ့ကြပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂျွန်နီ အီဗန်စ် #ဝီလျံ #ပရီးမီးယားလိဂ်