ရှေ့သို့
Image

နည်းပြ အန်ဆယ်လော့တီရဲ့ နေရာအတွက် ကမ္ဘာ့ဖလားချန်ပီယံနည်းပြကို အစားထိုးသွားရန် ဆွေးနွှေးနေတဲ့ ရီးရဲလ်မက်ဒရစ်

3:41 PM, 28 November

ချန်ပီယံလိဂ်ဆုဖလားအပြင် လာလီဂါချန်ပီယံအဖြစ်ကပါ အဓိက ပြိုင်ဘက်တွေကို နေရာဖယ်ပေးခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ဆုဖလားတွေ ပြန်လည်သိမ်းပိုက်ရန်အတွက် ပြင်ဆင်နေပြီး ကလပ်အသင်းတွင် အနာဂတ်မရေမရာဖြစ်လာတဲ့ နည်းပြ အန်ဆယ်လော့တီရဲ့ နေရာတွင် ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနား လက်ရွေးစင်အသင်းရဲ့ နည်းပြ စကာလိုနီအား ချိတ်ဆက်နေတာပဲ ဖြစ်ပါတယ်။

နည်းပြ အန်ဆယ်လော့တီရဲ့ အနာဂတ်မရေရာချိန်မှာ မက်ဒရစ်အခြစိုက်ကလပ်အသင်း နေဖြင့် အာဂျင်းတီးနားလက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားချန်ပီယံဖြစ်စေခဲ့တဲ့အပြင် မကြာသေးမီအချိန်တွင်းမှာ နာမည်ကျော် ဘရာဇီးအသင်းကို အနိုင်ကစားပြထားတဲ့ နည်းပြ စကာလိုနီအား ခန့်အပ်ရန် ဆက်သွယ်ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။

လာလီဂါ ချန်ပီယံဆုအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းမှာ အောင်မြင်မှုရရေးအတွက် ပြင်ဆင်လုပ်ဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက မိုဒရစ်၊ တိုနီခရူးစ်တို့နေရာအတွက် အားဖြည့်မှုပြုလုပ်တဲ့အနေဖြင့် ဒေါ့မွန်အသင်းနဲ့အတူ ခြေစွမ်းပြကစားနေတဲ့ အသက် ၂၀နှစ်အရွယ် ဘယ်လင်ဟမ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ ဖြင့် တန်ကြေးမြင့်မားစွာ ပေးချေခေါ်ယူခဲ့သလို အရည်အသွေးမြင့်ကစားသမား ဖြည့်တင်းမှုအချို့လည်း ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
နိုင်ငံတကာပွဲရက်အတွင်း ဘရာဇီးလက်ရွေးစင်အသင်းနဲ့အတူ သွားရောက်ပူးပေါင်းစဉ် အဓိက တိုက်စစ်ကစားသမား ဗင်နီးစီးယက်စ် ဒဏ်ရာရခဲ့တာကြောင့် တိုက်စစ်ပိုင်းအတွက် စိုးရိမ်စရာဖြစ်လာချိန်မှာ ဘယ်လင်ဟမ်ရဲ့ သက်သာလာမှုက နည်းပြ အန်ဆယ်လော့တီအတွက် စိတ်သက်သာရာရစေခဲ့တာ ဖြစ်ပါတယ်။

အဓိကပြိုင်ဘက် ဘာစီလိုနာအသင်းရဲ့ ဂန္ဓဝင်ကစားသမား မက်ဆီနဲ့ ရင်းနီးတဲ့ ဆက်ဆံရေးရှိထားတဲ့ နည်းပြ စကာလိုနီအား နည်းပြ ခန့်ရန်လုပ်ဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ယခုနှစ် လာလီဂါပွဲစဉ် ၁၄ ပွဲအတွင်း နိုင်ပွဲ ၁၁ ပွဲနဲ့အတူ ရမှတ် ၃၅မှတ် အထိစုဆောင်းကာ အမှတ်ပေးဇယားထိပ်တွင်ရပ်တည်ရင်း လာလီဂါချန်ပီယံဆုအတွက် ဗိုလ်စွဲရန် စတင်ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။

#လာလီဂါ #စကာလိုနီ #ရီးရဲလ်မက်ဒရစ် #အန်ဆယ်လော့တီ