ရှေ့သို့
Image

လာပေါ်တာ၊ ဒေကိုနှင့် ဘာစီလိုနာ အသင်းတို့ရဲ့ ထောက်ခံမှုကိုရရှိထားတယ်လို့ ဆိုလိုက်တဲ့ ဇာဗီ

2:20 PM, 28 November

ရလဒ်များ ဆိုးရွားခဲ့ပြီးနောက် အသင်းရဲ့အကြီးအကဲတွေက ၎င်းရဲ့စီမံခန့်ခွဲမှုအပေါ် ယုံကြည်မှုပျောက်ဆုံးနေကြောင်း ကောလာဟလများ ထွက်ပေါ်ကာ ဇာဗီက ဖြေရှင်းဖို့အတွက် ကြိုးစားနေရပါတယ်။ အသင်းဥက္ကဌ လာပေါ်တာရဲ့နေရာကို ဆက်ခံမည့်သူရှိနေပြီဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဇာဗီက သူ့ရဲ့လုပ်ဆောင်မှုတွင် စည်းလုံးညီညွတ်မှုနှင့် ယုံကြည်မှုရှိကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ အစီအစဉ်နဲ့ ကစားသမားတွေရဲ့လုပ်ဆောင်မှုက ဆက်စပ်မှုရှိပါတယ်။ ကောင်းတဲ့နေ့တွေရှိသလို ဆိုးတဲ့နေ့တွေလည်းရှိတယ်။ ဗယ်လီကက်စ်မှာ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ နိုင်သင့်တဲ့ပွဲဖြစ်ပြီး ကစားလည်းကောင်းခဲ့ကာ ဒုတိယပိုင်းမှာ ပိုကောင်းမွန်တဲ့အသင်းတစ်သင်းကို တွေ့ခဲ့ရတယ်။ ချဉ်းကပ်ပုံက အလုပ်ဖြစ်ခဲ့သောလည်း လိုချင်တဲ့ပုံစံမျိုးတော့ မဟုတ်ဘူး။ ကလက်စီကိုမှာ ကစားခဲ့တဲ့ မိနစ် ၆၀ လိုပဲဖြစ်ကာ ဆီဗီလာနှင့် အိမ်ကွင်းပွဲ၊ ဗီလာရီးရဲလ်နှင့် ကစားခဲ့တဲ့ အဝေးကွင်းပွဲတို့မှာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ အားလုံးက အစီစဉ်တွေအပေါ် သဘောကျပြီး ဘာပြဿနာမှမရှိပါဘူး" လို့ ဇာဗီက ပြောပါတယ်။

အသင်းကို ပြောင်းလဲဖို့အတွက် သူ့ရဲ့အရည်အချင်းအပေါ် ဘာစီလိုနာက ယုံကြည်မှုရှိရဲ့လားလို့ ဇာဗီက မေးမြန်းခြင်းခံခဲ့ရပါတယ်။ "ကလပ်က ထောက်ခံပေးထားတယ်လို့လည်း ခံစားရပါတယ်။ ကလပ်ဥက္ကဌနှင့်လည်း နေ့တိုင်း စကားပြောဖြစ်ပြီး ယုံကြည်မှုကိုလည်း ရရှိထားကာ ဒေကိုဆီကလည်း ယုံကြည်မှုကိုရရှိထားပါတယ်။ ကျွန်တော် အလုပ်ကြိုးစားတာကို သူတို့တွေကလည်း သိကြပါတယ်။ "ကျွန်တော်အဆင်ပြေပါတယ်။ ကျွန်တော်က အသင်းကို ဦးဆောင်နေတဲ့သူတွေထဲက တစ်ဦးဖြစ်တာကြောင့် အရင်ကထက်ပိုပြီး ကောာင်းလာကာ ကစားသမားတွေအပေါ်လည်း ယုံကြည်လာပါတယ်။ အကောင်းဆုံးလုပ်ခဲ့ပြီး ဆုဖလားတွေလည်းရရှိခဲ့တာကြောင့် ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေကလည်း ယုံကြည်လာပါတယ်။  လုပ်နိုင်တဲ့အပေါ်ကိုသာ အာရုံစိုက်ထားပါတယ်။ ဘာစီလိုနာဖြစ်တာကြောင့် ဝေဖန်မှုတွေက အမြဲရှိနေမှာဖြစ်ပြီး ဒါကိုလည်း ကစားသမားအဖြစ် ကစားခဲ့တုန်းက တွေ့ကြုံခဲ့ပြီးသားပါ"လို့ ဇာဗီက ပြောပါတယ်။

ဇာဗီဟာ သီးခြားဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး အယ်လီမန်နီနှင့် ဂျော်ဒီခရက်ဖ်တို့ကလည်း အသင်းကနေ ထွက်ခွာသွားကြပြီဖြစ်ပါတယ်လို့ သတင်းတွေ ထွက်နေတာပါ။

"ကံကောင်းတာက ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော်ဟာ အသင်းဥက္ကဌ၊ ဒေကိုရဲ့ ယုံကြည်မှုကို ရရှိထားသလို နည်းပြအဖွဲ့ဝင်တွေကလည်း ကျွန်တော့်ကို ယုံပါတယ်၊ သူတို့တွေအားလုံးက မိတ်ဆွေတွေဖြစ်ကြပါတယ်။ ဘောလုံးက ဒီလိုပါပဲ၊ ပြီးခဲ့တဲ့နှစ်ကလိုပဲ ကျွန်တော်တို့ ယုံကြည်ခဲ့ပါတယ်"လို့ ဇာဗီက ပြောပါတယ်။

လာပေါ်တာဟာ တနင်္ဂနွေနေ့တုန်းက ဘာကာအက်သလက်တစ်အသင်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး အဲ့ဒီလိုလည်ပတ်ခြင်းအား ပုံမှန်အားဖြင့် လုပ်ဆောင်လေ့တော့မရှိပါဘူး။ ဇာဗီဟာ အဲ့ဒီအချက်ရဲ့ အရေးပါမှုကို လျော့ချဖို့အတွက် ကြိုးစားလုပ်ဆောင်နေပါတယ်။

"အရန်အသင်းနဲ့ အတူရိုက်ခဲ့တဲ့ လာပေါ်တာရဲ့ ဓာတ်ပုံက ကျွန်တော်တို့ စည်းလုံးနေတဲ့ လက္ခဏာပါပဲ။ ပွဲတိုင်းမှာ သူက ကျွန်တော်တို့ဆီကို လာရောက်ခဲ့ပြီး ခင်ဗျားတို့လိုချင်တယ်ဆိုရင် ပွဲစဉ်တိုင်းရဲ့ ဓာတ်ပုံကို ကျွန်တော် ပေးပါ့မယ်။ အခြား အဓိပ္ပါယ်မျိုးမရှိပါဘူး။ အသင်းဥက္ကဌအပါအဝင် အားလုံးနဲ့ ဆက်ဆံရေးကောင်းပါတယ်။ အားလုံးက ပုံမှန်အတိုင်း စည်းလုံးညီညွတ်နေပြီး ဥက္ကဌက အမျိုးသမီးအသင်းလိုပဲ အခြားအသင်းတွေထံသို့ပါ သွားရောက်တာပါ" လို့ ဇာဗီက ပြောပါတယ်။

ဖရန့်ရစ်ကက်နှင့် ရော်နယ်ကိုးလ်မန်းတို့ရဲ့ လက်ထက်မှာ ချန်ပီယံလိဂ်မှ ထွက်ခွာလုနီးနီးဖြစ်ခဲ့တာတောင် လာပေါ်တာဟာ ရာသီဝက်မှာ နည်းပြတွေကို ထုတ်ပယ်လေ့မရှိပါဘူး။ သို့သော်လည်း လာမယ့် ပွဲစဉ် ၃ ပွဲမှာ ပေါ်တို၊ အက်သလက်တီကိုမက်ဒရစ်၊ ဂျီရိုနာတို့နှင့် ကစားရမှာဖြစ်ပြီး ဘာစီလိုနာဟာ ဥရောပမှာ အလားတူအခြေအနေမျိုးသို့ ရောက်ရှိဖွယ်ရှိနေပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဇာဗီ #လာပေါ်တာ