ရှေ့သို့
Image

လိုက်ပ်ဇစ်မှာ ခြေစွမ်းပြနေတဲ့ တီမိုဝါနာကို ခေါ်ယူရန် ဇန်နဝါရီတွင် လှုပ်ရှားလာနိုင်တဲ့ ယူနိုက်တက်

10:59 AM, 28 November

နယ်သာလန်လူမျိုး နည်းပြတန်ဟတ်ရဲ့ ဦးဆောင်မှုနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ ဥရောပပြိုင်ပွဲအတွင်းပုံစံကောင်းရရန် ပြင်ဆင်လုပ်ဆောင်နေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းက တိုက်စစ်နေရာ အတွက် ရက်စ်မက်စ်ဟွိုက်လန်းကို ခေါ်ယူခဲ့သလို  လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်းမှာ လိုက်ပ်ဇစ်အသင်းရဲ့ တိုက်စစ်ကစားသမား တီမိုဝါနာကို ခေါ်ယူရန်ပါ စိတ်ဝင်စားမှုပြသလာတာပဲ ဖြစ်ပါတယ်။

နည်းပြ တန်ဟတ်အနေဖြင့် တိုက်စစ်ပိုင်းအတွင် ပရီးမီးယားလိဂ်အတွေ့အကြုံရင့် တော့တင်ဟမ်တိုက်စစ်မှုး ဟယ်ရီကိန်းကို ကနဦးပစ်မှတ်ထားခဲ့ပေမဲ့ ဥက္ကဌဒန်နီယယ်လ် လီဗိုင်းရဲ့ ဈေးကိုင်မှုကြောင့် အပြောင်းအရွှေ့ အထမမြောက်ခဲ့ဘဲ အတ္တလန်တာအသင်းရဲ့ ဒိန်းမက်တိုက်စစ်ကစားသမား ဟွိုက်လန်းကို ပစ်မှတ်ထားခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ထားတဲ့ ဟွိုက်လန်းအတွက် ကနဦးကမ်းလှမ်းမှုအဖြစ် ယူရိုသန်း ၇၅ + ပိုဆုကြေး ၁၀သန်း တန်ကြေးရှိတဲ့ စာချုပ်ဖြင့် ခေါ်ယူကာ လန့်စ်အသင်းနဲခြေစမ်းပွဲစဉ်တွင် တရားဝင် မိတ်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဟွိုက်လန်းအနေဖြင့် သရဲနီတပ်သားတစ်ဦးအဖြစ် ပွဲဦးထွက်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်သွင်းဂိုးမရထားသေးပေမဲ့ ဥရောပအဆင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂို ၅ဂိုး အထိ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာ ကျင်လည်ခဲ့ဖူးတဲ့ တီမိုဝါနာအနေဖြင့်လည်း ယခုနှစ်ဘောလုံးရာသီအတွင်း လိုက်ပ်ဇစ်အသင်းအတွက် ကစားပေးခွင့်ရခဲ့တဲ့ ပွဲစဉ် ၈ ပွဲတွင် ပွဲစဉ် ၂ ပွဲသာ ပွဲထွက်ကစားခဲ့ရပေမဲ့ သွင်းဂိုး ၂ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပြီး ပွဲကစားချိန် နည်းပါးမှုအပေါ် ကျေနပ်မှုနည်းပါးနေတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက ချဲလ်ဆီးအသင်းနဲ့အတူ ပြိုင်ပွဲစုံ ၈၉ ပွဲကစားပြီး သွင်းဂိုး ၂၃ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ တီမိုဝါနာအား ခေါ်ယူရန် စိတ်ဝင်စားနေသလို ရီးရဲလ်မက်ဒရစ်အသင်းကလည်း တိုက်စစ်ပိုင်းအားဖြည့်ရန်အတွက် စိတ်ဝင်စားမှု ပြသနေတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှား တီမိုဝါနာရဲ့ အပြောင်းအရွှေ့က ဖြစ်ပေါ်လာနိုင်ခြေရှိနေတာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #လိုက်ပ်ဇစ် #အပြောင်းအရွှေ့ #ဝါနာ