ရှေ့သို့
Image

ရမ်စ်ဒေးအတွက် ပရီးမီးယားလိဂ်ကလပ်အသင်းတစ်ခုရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ အာဆင်နယ်

10:03 AM, 28 November

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပုံစံကောင်းပြသနိုင်ရေးအတွက် ပြင်ဆင်လုပ်ဆောင်နေတဲ့ နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းက ရာသီကြိုအပြောင်းအရွှေ့ကာလအတွင်း ရိုက်စ်လို တန်ကြေးမြင့်ကစားသမားတစ်ဦး အပြင် ဘရန့်ဖို့ဒ်အသင်းမှာ လက်စွမ်းကောင်း ပြသနေတဲ့ ဒေးဗစ်ရာယာကို ခေါ်ယူအပြီးမှာ ပုံမှန်ပွဲထွက်ခွင့် နည်းပါးလားတဲ့ ရမ်စ်ဒေးကို ကလပ်အသင်းတွင် ဆက်ထိန်းသွားရန်သာ လိုလားနေတာပဲ ဖြစ်ပါတယ်။

ဗြိတိန်ဘက်မှ ထွက်ပေါ်လာတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် အခြေစိုက်ကလပ်အသင်း တစ်သင်းက အာဆင်နယ်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်နေရတဲ့ ရမ်စ်ဒေးကို ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်းမှာ ခေါ်ယူရန် ကနဦးကမ်းလှမ်းမှုပြုလုပ်ရာမှာ မြောက်လန်ဒန်ကလပ်အသင်းက အပြောင်းအဗေရွှေ့လုပ်ဆောင်ရန် ပယ်ချသွားခဲ့တာလည်း ဖြစ်ပါတယ်။

ရမ်စ်ဒေးအနေဖြင့် ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် လန်ဒန်ကလပ်ကို ရောက်လာခဲ့သူဖြစ်ပြီး ပွဲထွက်ခွင့်နေရာအတွက် ချွင်းချက်မရှိ ရပ်တည်ထားနိုင်ခဲ့ပေမဲ့ ယခုနှစ်မှာ ပွဲထွက်ခွင့်အတွက် ရုန်းကန်လာရတာလည်း ဖြစ်ပါတယ်။ နည်းပြ အာတီတာရဲ့ စိတ်ကြိုက်ကစားသမားဖြစ်တဲ့ ရာယာအနေဖြင့် ယခုနှစ်ရာသီကြို အပြောင်းအရွှေ့ကာလအတွင်းမှာ ဘရန်ု့ဖိုဒ်အသင်းကနေ ကနဦးတစ်ရာသီအငှားဖြင့် အမ်းမရိတ်စ်ကလပ်ကို ပြောင်းရွှေ့လာခဲ့တာလည်း ဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ ဂိုးသမားတွေဖြစ်ကြတဲ့ ရမ်စ်ဒေးရော ရေယာပါ ချန်ပီယံလိဂ်ပွဲကစားခဲ့ဖူးခြင်းမရှိသေးပေမဲ့ ချန်ပီယံရှစ်ပြိုင်ပွဲအတွင်းမှာသာ ကစားသမားဘဝအချိန်ကာလအများစုကို ကျင်လည်ခဲ့ရတဲ့ စပိန်ဂိုးသမားက ယခုနှစ်ချန်ပီယံလိဂ်မှာ ဦးစွာပွဲထွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ရလဒ်ကောင်းနေတာကြောင့် အုပ်စု (ခ) အတွင်း ဇယားထိပ်မှာ ဦးဆောင်ခွင့်ရခဲ့ပြီး အုပ်စုတွင်း အခြားပြိုင်ဘက်တွေဖြစ်တဲ့ လီဂူးဝမ်းကလပ် လန်းစ်၊ နယ်သာလန်ကလပ် ပီအက်စ်ဗွီ အသင်းတို့နဲ့ ဒုတိယအကျော့ပွဲစဉ်တွေ ဆက်လက်ကစားသွားရမှာပဲ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ အသက် ၂၅ နှစ်အရွယ် ရမ်စ်ဒေးအနေဖြင့် ပွဲထွက်ခွင့်နည်းပါးလာတာကြောင့် ကစားသမားဘဝ တိုးတက်ရေးအတွက် နာကျင်ခံစားနေရကြောင်း ပြောဆိုခဲ့ဖူးတာဖြစ်ပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့အတွင်းမှာ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး လုပ်ဆောင်လာမလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #ရမ်စ်ဒေးလ် #ပရီးမီးယားလိဂ်