ရှေ့သို့
Image

တိုက်စစ်မှူးနေရာအတွက် တီမို၀ါနာကို စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်နေတဲ့ ယူနိုက်တက်

9:49 AM, 28 November

နည်းပြတန်ဟတ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူလိုနေပြီး ယူနိုက်တက်ဘက်ကတော့ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း တီမိုဝါနာကို ခေါ်ယူဖို့ စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

ယူနိုက်တက်အသင်းဟာ အသက်၂၀အရွယ်သာရှိသေးတဲ့ လူငယ်တိုက်စစ်မှူး ဟွိုက်လန်းကို အထောက်အကူဖြစ်စေဖို့အတွက် အတွေ့အကြုံပြည့်၀တဲ့ တိုက်စစ်မှူးတစ်ဦး ခေါ်ယူလိုနေကြောင်း Daily Mailက ဖော်ပြထားပါတယ်။ ယခုအချိန်မှာတော့ ဂျာမနီကလာတဲ့သတင်းတွေအရ ယူနိုက်တက်ဟာ ဝါနာကို ခေါ်ယူဖို့ စုံစမ်းမှုတွေ ပြုလုပ်နေပေမယ့် ကမ်းလှမ်းမှုတော့ မလုပ်ရသေးလို့ သိရပါတယ်။

ဝါနာကလည်း လိုက်ပ်ဇစ်က လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ကျေနပ်နေခြင်းမရှိဘူးလို့ ဖော်ပြထားပါတယ်။ ယူနိုက်တက်အသင်းမှာ ဟွိုက်လန်း၊ ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ အန်တိုနီ၊ ဂါနာချိုနဲ့ ဆန်ချိုတို့ ရှိနေပေမယ့် တိုက်စစ်ပိုင်းက သွင်းဂိုးသွင်းယူနိုင်မှုနှုန်းမှာ နည်းပါးလျက် ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ ပေါင် ၇၂သန်းတန် တိုက်စစ်မှူး ဟွိုက်လန်းအတွက် အကူအညီဖြစ်စေဖို့ စီစဉ်နေခဲ့တာလည်း ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #လိုက်ပ်ဇစ် #ဝါနာ #တန်ဟတ် #ပရီးမီးယားလိဂ်