ရှေ့သို့
Image

မန်စီးတီးကို သရေကစားခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့ အသင့်ဖြစ်နေပြီဖြစ်ကြောင်း ကြုံးဝါးလိုက်တဲ့ ဗန်ဒိုက်

10:15 AM, 27 November

ဗာဂျီဗန်ဒိုက်က လီဗာပူးအသင်းဟာ အခြေအနေဆိုးတွေကို အတိတ်မှာ ထားရစ်ခဲ့ပြီဖြစ်ကာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


လီဗာပူးအသင်းဟာ စနေညက မန်စီးတီးကို နောက်ကနေလိုက်ကစားကာ အာနိုးလ်ရဲ့ချေပဂိုးကြောင့် အီတီဟတ်မှာ သရေတစ်မှတ်ရအောင် ယူနိုင်ခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ယခုနှစ်အတွင်း မန်စီးတီးကို အီတီဟတ်မှာ နိုင်ပွဲမရအောင် တားဆီးနိုင်တဲ့ တစ်သင်းတည်းသော အသင်းဖြစ်သလို စီးတီးရဲ့ အိမ်ကွင်း ၂၃ပွဲဆက် နိုင်ပွဲစံချိန်ကိုလည်း ရပ်တန့်နိုင်ခဲ့ပါတယ်။


ဗန်ဒိုက်ကတော့ ယမန်နှစ်ရာသီက အဆင့်၅နေရာသာ ရရှိခဲ့တဲ့ အခြေအနေဆိုးတွေကို အတိတ်မှာထားရစ်ခဲ့ပြီဖြစ်ပြီး ဆုဖလားစိန်ခေါ်နိုင်တဲ့ အသင်းအဖြစ် ပြောင်းလဲလာပြီလို့ ကြုံးဝါးခဲ့ပါတယ်။


ဗန်ဒိုက်က "ဒီလိုရာသီမျိုးတွေမှာ ကျွန်တော်တို့ ဆုဖလားနဲ့ နီးစပ်တာ ဒါမှမဟုတ် ဆုဖလားရတာမျိုးဖြစ်ခဲ့ပြီး ဒီလိုအခြေအနေတွေနဲ့ ဝေးကွာသွားတာမျိုး မရှိခဲ့ပါဘူး။ ကျွန်တော်တို့ တစ်ပွဲချင်းစီ ချဉ်းကပ်နေပြီး ဒါကလည်း စိတ်အားတက်ကြွမှုကို ဖြစ်စေကာ လုပ်သင့်တဲ့အရာတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆုဖလားတိုင်းအတွက် စိန်ခေါ်ချင်တယ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုမဟုတ်ဘဲ ဒီနှစ်မှာ မနှစ်ကမရှိခဲ့တဲ့ တည်ငြိမ်မှုမျိုး ရရှိနေခဲ့ပါတယ်။ ဒါပေမယ့် အခုမှနိုဝင်ဘာလပဲ ရှိသေးပြီး ခက်ခဲတဲ့အချိန်တွေ၊ ပွဲစဉ်တွေ လာတော့မှာဖြစ်လို့ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒဏ်ရာတွေ အများကြီး ဒါမှမဟုတ် လုံးဝမရကြဖို့ မျှော်လင့်ပါတယ်။ ဒီရာသီဘယ်လိုဖြစ်လာမယ်ဆိုတာ စောင့်ကြည့်ကြတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ယုံကြည်မှုအပြည့်နဲ့ ပေးဆပ်ကစားဖို့လိုပါတယ်။ ကျွန်တော်တို့ အထူးသဖြင့် မနှစ်ကရာသီလိုမျိုး ဆိုးရွားမှုတွေအပြီးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားနိုင်ဖို့ လိုပါတယ်။ အဲ့ဒါက အရေးကြီးတဲ့ အချက်လို့ ထင်ပြီး မနှစ်က မန်စီးတီးနဲ့ပွဲရလဒ်(၄-၁နဲ့ရှုံး)ထက် အများကြီးတိုးတက်လာတာ ကောင်းပါတယ်။ ၁-ဝဂိုးနဲ့ရှုံးနေတဲ့အချိန် ကျွန်တော်တို့ရဲ့တုံ့ပြန်ပုံက အရမ်းကောင်းခဲ့ပါတယ်။ ရလဒ်ကိုကြည့်ရင်လည်း အားလုံးကျေနပ်ကြပါလိမ့်မယ်။ ကျွန်တော်တို့ အခွင့်အရေးရခဲ့သလို သူတို့မှာလည်း အခွင့်အရေးရခဲ့ချိန်တွေရှိပြီး အခုတော့ ရှေ့ဆက်ပြီ နောက်ပွဲအတွက် အသင့်လုပ်ထားရပါမယ်"လို့ ပြောခဲ့ပါတယ်။

#လီဗာပူး #ဗန်ဒိုက် #ပရီးမီးယားလိဂ်